ကမာရွတ်တွင် ၂ရက်အတွင်း လူငယ် ၃ဦး အကြောင်းမဲ့ ကမာရွတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်၊ ၃ရပ်ကွက်ယာယီနယ်ထိန်း ဦးဆောင် ကျင်လည်နေ
𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ မေလ ၂၃ ရက်၊ ၂၀၂၄ }
မေလ ၂၀ရက်နေ့မှ ၂၂ရက်အတွင်း ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် (၄)ရပ်ကွက် ထိစပ်ရာနေရာများတွင် လူငယ် (၃)ဦးကို ဆိုင်ကယ် ၂စီး၊ ရခ ၂မှ အကြောင်းမဲ့ ဖမ်းဆီးမှု (၂)ကြိမ်ဖြစ်ပွါးခဲ့ပြီး ၃ရပ်ကွက် ယာယီနယ်ထိန်း ရဲတပ်သား စိုးမင်းပိုင်မှ ဦးဆောင်ကျင်လည်နေကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ မေလ ၂၀ရက်နေ့တွင် နေ့လည် ၂နာရီတွင် အမှတ်(၄)ရပ်ကွက်၊ ကွမ်းခြံ ၄လမ်းအတွင်း လမ်းလျှောက်နေသည့် လူငယ် (၁)ဦးကို ဆိုင်ကယ်ဖြင့် ဖမ်းဆီးခဲ့ကြသည်။ အလားတူ အဆိုပါနေ့တွင်ပင် ညနေ ၆နာရီဝန်းကျင် ၁၆ပေတံတားပေါ် ရထားလမ်းဖြတ်သည့်နေရာတွင် ရခ ၂၊ ဆိုင်ကယ် ၂စီးဖြင့် စက်ဘီးစီးနင်ရလာသည့် လူငယ် (၂)ဦးကို ဆိုင်ကယ်များဖြင့် ရှေ့ပိတ်နောက်ပိတ်ပုံစံ ဖမ်းဆီးခဲ့ကြသည်။ အဆိုဖြစ်စဉ်များအတွင်း ဖမ်းဆီးခံရသူများကို ကမာရွတ်မြို့မရဲစခန်းဝန်း (ယခု ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှုးရုံး)သို့ ခေါ်ဆောင်သွားကြသည်။
ပြီးခဲ့သည့် မေလ ၈ရက်နေ့ကတည်းက နံနက် ၇နာရီဝန်းကျင်နှင့် ညနေ ၅နာရီခွဲဝန်းကျင်တို့တွင် စိုးမင်းပိုင်အပါ ရခ (၂-၄)ဝန်းကျင်ဖြင့် ပတ္တမြားလမ်း၊ လှည်းတန်းဘူတာအနီးတွင် လှုပ်ရှားနေကြဆဲဖြစ်ကာ ဘူတာပလက်ဖောင်းပေါ်တွင် သောက်စားမှုများတွေ့ရှိပါက ငွေညှစ်ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပြင် ၄ရပ်ကွက်၊ ကွမ်းခြံ ၁-၂လမ်းအထိ ဆိုင်ကယ်ဖြင့် ကင်းပတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
လှည်းတန်းဘူတာ၊ သင်္ဘောကျင်းအိမ်ရာအနီးနှင့် ကွမ်းခြံလမ်းများတွင် ၃ရပ်ကွက်ယာယီ နယ်ထိန်း ရဲတပ်သား စိုးမင်းပိုင်မှ အရပ်ဝတ် သတင်းပေးအချို့နှင့် ဦးဆောင်ကာ အစစ်အဆေးပြုလုပ်ခြင်း၊ ကြက်ဝိုင်းများကို ပြုလုပ်ခွင့်ပေးခြင်း၊ ခိုးဆိုးလုယှက်သူများနှင့် လက်ဝါးချင်းရိုက်ထားခြင်း စသည့် လုပ်ကွက်များကို ရရှိထားကာ အဆိုပါနေရာများမှ ရရှိသည့် ငွေများကို ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးမြင့်နိုင်နှင့် စခန်မှုး ဒုရဲမှုး ခင်မောင်အေးတို့အား လည်းကောင်း၊ ထိုမှတစ်ဆင့် အကြမ်းဖက်စစ်တပ်နှင့် မြို့နယ်ကိုင်သည့် စစ်ကြောင်းမှုး G1တို့ကိုလည်းကောင်း အသီးသီးခွဲပေးရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ အတည်ပြုသည်။
#KMY_INFO #KISC

8
3
1May 23, 2024 1.8K 5