ခုတစ်လော မြန်မာပြည်ကနေဂျပန်လာချင်လို့မေးနေတဲ့
😍အသိမိတ်ဆွေ သူငယ်ချင်းတွေ အတွက်😍
ဗီဇာနဲ့ပါတ်သက်လို့ သိထားသင့်တဲ့ အချက်လေးတွေမျှဝေပါမည်။
လက်ရှိရရှိထားသော ဘွဲ့ ပညာအရည်အချင်းများအလဟသ မဖြစ်စေလို
(သင့်တော်မည့် နည်းလမ်းရွေးချယ်နိုင်ကြပါစေ)
လက်ရှိလာလို့ရတာ ပုံမှန် ဗီဇာ(၄)မျိုး ရှိပါတယ်
1️⃣WORK VISA(技術・人文知識・国際業務)
2️⃣JISSHUUSEI VISA (training visa 3 years)
技能実習生
3️⃣TOKUTEIGINO VISA( skill worker 5 years visa)
特定技能
4️⃣STUDENT VISA(ကျောင်းသား ဗီဇာ)留学生
____________
1️⃣WORK VISA (技術・人文知識・国際業務)
(ယခုအများခေါ် အင်ဂျင်နီယာ ဗီဇာ)
👉ဂျပန်စာ လိုအပ်ချက် အနိမ့်ဆုံး N3, N2
~~~~~~~~
မြန်မာအစိုးရမှ တရားဝင်သတ်မှတ်ထားသော ဝန်ဆောင်ခ သက်မှတ်ထားခြင်းမရှိပါ
လိုအပ်ချက် 👇👇
👉ဂျပန်မှာ လုပ်မယ့်အလုပ်နှင့်သက်ဆိုင်သော ဘွဲ့ တစ်ခု
ခုရထား ရပါမည်။
👩🏻🎓. IT နှင့်ပတ်သက်သောအလုပ်ဆိုလျှင် ITဘွဲ
🧑🎓. အလုပ်ဝင်မည့်ကုမ္ပဏီ နှင့်သက်ဆိုင်သောဘွဲ့
👩🏻🎓. စကားပြန် အလုပ်ဆိုလျှင် JLPT N2 နှင့်
မြန်မာနိုင်ငံမှဘွဲ့ တစ်ခုခု
👩🏻🎓.ဂျပန်နိုင်ငံတွင် ဂျပန်ဘာသာကျောင်း ပြီး JLPT N2
အောင်မြင်လို့အလုပ်ဗီဇာလျှောက်မည်ဆိုက
မြန်မာပြည်ဘွဲ့တစ်ခုခု ရရှိရန်လိုအပ်သည်
💴လစာ အခြေအနေ 💴ကုမ္ပဏီအလိုက်ကွဲပြားသည်
👉အလုပ်စစဝင်ခြင်း ပုံမှန်အခြေခံလစာ ၁၈သောင်း
မှစတင်ပေးသောကုမ္ပဏီများသည်။
(အဘယ့်ကြောင့်ဆိုသော် ကုမ္ပဏီ အနေဖြင့်
အလုပ်သမားနှင့်ပတ်သက်သောအခွန်ဆောင်ရာ
တွင်လည်းသက်သာသောကြောင့်ဟု မိမိမှ ယူဆ
သည်)
💴ဒုတိယအချက်💴
ကုမ္ပဏီ ကောင်းလျှင်(၂၂ ~ ၂၅ )သောင်းအထိပေး
သည်။
အလုပ်ဗီဇာ(技術・人文知識・国際業務)တွင်
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
👉 အလုပ်ပြောင်း၍ရသည်။
👉ကုမ္ပဏီ အလိုက် ခံစားခွင့် ရှိသည်(ဘောနပ်,အလုပ်
ထွက်လျှင်ပေးသော 退職金 လုပ်သက်အလိုက် ငွေ
အမောင့်ကွာသည်။
👉အိမ်လခ ပျှမ်းမျှ ၃၀%
👉လမ်းစရိတ်
👉ဂျပန်နိုင်ငံတွင် အချိန်အကန့်အသက်မရှိ
သက်တမ်းတိုး အလုပ်လုပ်နိုင်သည်။
👉၁၀ နှစ်အထက်ကျော်ပါက PR လျှောက်နိုင်သည်။
အခွန်သေချာဆောင်ရန်နှင့်ပြစ်မှုမရှိရန်လိုသည်။
IMPORTANT
~~~~~
ဂျပန်စကားကျွမ်းကျင်ရန်လိုအပ်သည်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️◾️◾️◾️◾️
——————————————————————————
2️⃣TRAINING VISA(技能実習生)
👉ဂျပန်စာလိုအပ်ချက် အနှိမ့်ဆုံးN4
~~~~~~
မြန်မာအစိုးရမှ တရားဝင်သတ်မှတ်ထားသော
ဝန်ဆောင်ခ
US $ 2800
▪️▪️▪️TRAINING VISA ▪️▪️▪️
👉နည်းပညာလိုအပ်သောနိုင်ငံများမှ သင်တန်းသား
အနေဖြင့်ခေါ်ယူပြီး
👉ဂျပန်တွင် သင်ရိုးအတိုင်း အလုပ်လုပ်ကိုင် (သင်ယူ)
(3)နှစ်ပြည့်လျှင်အမိနိုင်ငံသို့ပြန်၍ သင်ယူခဲ့သော
ပညာများက်ိုအသုံးချစေခြင်း
အလုပ်အမျိုးအစားပေါ်မူတည်၍
▪️၁နှစ်
▪️၃နှစ်
▪️၅နှစ် ကာလ ရှိပါသည်။
“”””””သင်တန်းသားကာလပြီးဆုံးပါက အမိနိုင်ငံသို့
မပြန်မနေရပြန်ရမည်ဟု သက်မှတ်ထားပါသည်။
👍👍👍👍သို့သော်👍👍👍👍
ယ္ခုအခါ ထိုကာလပြည့်လျှင် တိုကုတေးဂိနိုး သို့ပြောင်းလဲနိုင်ပါသည် ။
IMPORTANT
~~~
သင်တန်းကာလ ပြီးဆုံးမှသာ ပြောင်းခွင့်ရှိပါသည်။
💴လစာအခြေအနေ💴
👉မိမိဝင်သည့်ကုမ္ပဏီအပေါ်မူတည်၍ကွာခြားသည်။
👉အခြေခံအားဖြင့် ၁၅~၁၆ သောင်း
👉時給(တစ်နာရီ လုပ်အားခ မှာ မြို့အလိုက်ကွာသည်။
👉အိုဗာတိုင်အပေါ်မူတည်၍လည်းလစာကွာသည်။
👉နေစရာ နေရာ ကုမ္ပဏီမှစီစဉ်ပေးသည်။
အိမ်လခ တစ်လ ၂ သောင်း(သက်မှတ်ထားသည်)
👉ဝိုင်ဖိုင် ,ရေ,မီး,gas ပျှမ်းမျှ တစ်လ ၁ သောင်း
👉သင်တန်းကာလပြီးလျှင် တိုကုတေးဂိနိုးသို့
ပြောင်းနိုင်သည်။
😰😰😰အခက်အခဲများကို 😰😰😰
👉ခုမိအိုင်းထံအကူအညီတောင်းခံနိုင်သည် ။
👉စကားပြန် စိတ်ကောင်း သဘောကောင်းလျှင်
အရမ်းအဆင်ပြေ သည်👍
👉ဂျပန်တစ်နိုင်ငံလုံးတွင် စနေ တနင်္ဂနွေ ဂျပန်စာ
သင်တန်း အခမဲ့ သင်ပေးသည့်
ဂျပန်ဆရာ/ဆရာမ volunteer ရှိသည်
အလုပ်ပိတ်ရက်ဆိုပါက သင်တန်းတတ်နိုင်သည်။
(မိမိနေသည့် ရပ်ကွက်ရုံးတွင်စုံစမ်းနိုင်သည်။
👉မိမိ ရပိုင်ခွင့် အခွင့်အရေး ကို စကားပြန် သို့သေ
ချာမေးမြန်းပါ
◾️◾️သင်တန်းကာလအတွင်း ◾️◾️
◾️အလုပ်(အကြောင်းအရာ)ပြောင်းခြင်းမရပါ။
◾️အလုပ်(ကုမ္ပဏီ) ပြောင်းခြင်း မရပါ။
——————————————————————————
3️⃣TOKUTEIGINO VISA(5)နှစ်
👉ဂျပန်စာလိုအပ်ချက် အနိမ့်ဆုံး N4~N3
~~~~~~~~~