18.10.2026 တွင်ကျင်းပမည့် Nat Test ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲ(မန္တလေး) အတွက် လျှောက်လွှာများကို 18.8.2026မှစတင်၍လက်ခံပါပြီ။
online မှသာလက်ခံသွားမည်ဖြစ်ပါသည်။
18.10.2026 Nat Test အတွက် 1Q,2Q, 3Q,4Q, 5Q Level များလျှောက်ထားနိုင်ပါသည်။
[email protected] သို့ အောက်ပါအချက်အလက်များနှင့်တကွ Attachment တွဲ၍ g mail မှ ပေးပို့ လျှောက်ထားနိုင်ပါသည်။
ပေးပို့ရန် လိုအပ်သော အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
1- 3cm,4cm passport ဓါတ်ပုံ1ပုံ (soft copy or JPG scan) ကြည်လင်ပြတ်သားသောပုံကိုသာလျှင်ပေးပို့ပါရန်) g mail တွင် Attachment တွဲ၍ပို့ပေးရန်၊ ❗(ဓါတ်ပုံတွင်မျက်မှန်မတပ်ရပါ❗ နားရွက်ဖေါ်ပြီးရိုက်ပေးပါရန် ၊ ဓါတ်ပုံတွင် နံပါတ်များနှင့်ဘောင်များမပါသောပုံ)❗
2- အချက်အလက်အပြည့်အစုံရေးဖြည့်ထားသော form ( form တွင်ယခုတင်ထားသောနမူနာပုံစံအတိုင်း ရေးဖြည့်ရန်၊ ဓါတ်ပုံကပ်ရန်)
❗ယခုတင်ထားသော formအလွတ်ကို save ၍ အသုံးပြုနိုင်ပါသည်။
3- မှတ်ပုံတင်ရှေ့ခြမ်းမူရင်းပုံ (JPG scan)
#အထက်ဖေါ်ပြပါ အချက်၃ ချက်ကို တစ်ဦးလျှင် ကိုယ်ပိုင် g mail တစ်ခုဖြင့် တစ်ကြိမ်သာလျှင် [email protected] ပေးပို့ပါရန်။
❗❗📢(အချက်အလက်မပြည့်စုံပဲပေးပို့လာသော mail များ ၊ အကြိမ်ကြိမ်ပေးပို့လာသော mail များ ၊ သက်မှတ်ချက်နှင့်မကိုက်ညီသော ဓါတ်ပုံများပေးပို့လာပါက confirm မဖြစ်ပါ သောကြောင့် သတိပြုပါရန်။)❗❗📢
အထက်ဖေါ်ပြပါအချက်၃ချက်အားမှန်ကန်ပြည့်စုံစွာပေးပို့လာသော mail များကိုသာလျှင် Item No. ပြန်လည်ပေးပို့ပါမည် ။ မိမိ Item No. နှင့် ငွေသွင်းရန် အကြောင်းကြားသည့် မေးလ်ပြန်လည်လက်ခံရရှိပါက စာမေးပွဲကြေး 65,000 ကျပ်ကို Mail ဖြင့်လက်ခံရရှိသော Bank Account သို့ ဖြေဆိုမည့်ကျောင်းသားနာမည်နှင့်သာ ငွေသားဖြင့်လွှဲပေးပါရန်။
(ငွေလွှဲပြီးပါက ငွေလွှဲသည့်ရက်အတွင်းတွင် ဖြေဆိုမည့်ကျောင်းသားအမည်၊ဖြေဆိုမည့် level နှင့် မိမိ Item No အား စာမေးပွဲကြေးသွင်းထားသော KBZ bank သို့မဟုတ် AGD bank စာရွက်ပေါ်တွင် လက်ရေးဖြင့် ရေးဖြည့်ပြီးထိုဘဏ်စာရွက်အားScan ဖတ်ပြီး Attachment တွဲ၍ မိမိလျှောက်တင်ခဲ့သောmailမှသာ reply mail ပြန်ပို့ပေးပါရန်။
❗အထူးသတိပြုရန်
(မိမိItem no နှင့် ငွေသွင်းရန်အကြောင်းကြားခြင်းကို mail လက်ခံမရရှိပဲ ငွေသွင်းပါက စာမေးပွဲဖြေဆိုခွင့်ရရှိမည်မဟုတ်ပါ။ ငွေပြန်အမ်းခြင်းလဲ ရရှိမည်မဟုတ်ပါသောကြောင့် အထူးသတိပြုပါရန်။ ငွေသွင်းရန် mail မှ အကြောင်းကြားမှသာလျှင် ဘဏ်တွင် ငွေသွင်းပေးပါရန်)
(ငွေသွင်းပြီးပါက မည်သည့်အကြောင်းကြောင့်မှ ငွေပြန်အမ်းမည်မဟုတ်သောကြောင့် သတိပြုပါရန်)
🚨Form ပိတ်ရက်မှာ 18.9.2026 ဖြစ်ပါသည်။ သို့သော် လျှောက်ထားသူများပြား၍ သက်မှတ်လူဦးရေပြည့်ပါက 18.9.2026 မတိုင်ခင် form ပိတ်မည်ဖြစ်ပါသည်။ 🚨
အသေးစိတ်စုံစမ်းမေးမြန်းရန်
Monday to Friday
9:00-5:00
09777994464
09402533803
JMJC Japanese Language Center, Mandalay
/ Nat Test Center Mandalay