J Cineplex: post #5473 — TG.ME

ကိုယ်ချစ်ရတဲ့သူကို ချစ်တယ်ဆိုတဲ့အကြောင်းဖွင့်ပြောလို့မရတဲ့ ကျိန်စာသင့်စုန်းမညီအစ်မ ဆယ်လီ နဲ့ ဂျီလီရန် တို့ ဇာတ်လမ်းဟာ ၂၈ နှစ်အကြာမှာ ပရိသတ်ဆီ ဇာတ်လမ်းအသစ်နဲ့ပြန်လည်ရောက်ရှိလာပါပြီ။

ချစ်ရတဲ့သူကို ဆုံးရှုံးထားလို့ စုန်းအတတ်ကိုစွန့်လွှတ်ထားပြီး သာမန်အမျိုးသမီးတစ်ယောက်လိုပဲ နေထိုင်တဲ့ အကြီးမ ဆယ် လီဟာ မထင်မှတ်ပဲ သူမရဲ့ သမီးတစ်ယောက်ဆီမှာ ကျိန်စာသက်ရောက်လာတဲ့အခါမှာတော့ သူနှစ်ရှည်စွန့်လွှတ်ထားတဲ့ စုန်းအတတ်ကို ပြန်လည်အသုံးပြုဖို့ ဖြစ်လာတော့တယ်။

မင်းသမီးကြီးနှစ်ယောက်ဖြစ်တဲ့ Sandra Bullock နဲ့ Nicole Kidman ကို အရမ်းချစ်ကြပေမယ့် မတည့်ကြတဲ့ အကျင့်စရိုက်မတူ စုန်းမညီအစ်မနှစ်ယောက်အဖြစ်ပြန်လည်မြင်ရမှာဖြစ်သလို ကိုယ်တွေငယ်ငယ်ကကြည့်ခဲ့ရတဲ့ စုန်းမလေးတွေဇာတ်လမ်း တင်ဆက်ပုံမျိုးကို ဒီဘက်ခေတ်မျိုးဆက်တွေအတွက်ပါ ရင်းနှီးလာအောင် ပြန်လည်ပုံဖော်ထားတဲ့ Practical Magic II ဇာတ်လမ်းကို စက်တင်ဘာလထဲမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

#JCineplex #PracticalMagic2
❤11
August 26, 2026 974 5