သပိတ်ကျင်းမြို့နယ်၊ချောင်းကြီးကျေးရွာအတွင်းသို့… — ဗိုလ်လင်းယုန်တပ်ဖွဲ့(သပိတ်ကျင်းတိုက်နယ် ပကဖ) — TG.ME

သပိတ်ကျင်းမြို့နယ်၊ချောင်းကြီးကျေးရွာအတွင်းသို့ စကစ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိနေ 26.6.2024 ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအတွင်းသို့တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်၍ ဝင်ရောက်လာချိန်တွင် သပိတ်ကျင်းမြို့နယ်၊ဝက်သေကျေးရွာအနီးရှိ ထာဝရဦးမောင်ကိုပိုင်ဆိုင်သော Myanmar Golden Point family Company အတွင်း စခလက်နက်ကြီးကုန်းမှနေ၍ ၁၂၀ မမ လက်နက်ကြီးဖြင့် ပြစ်ခတ်၍ ချောင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ကျရောက်ခဲ့ပါသည်။ ထိုပြစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ ကိုရင်(၂)ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၆ တန်းကျောင်းသားနှစ်ဦးမှာလည်း တစ်ဦး‌တေဆုံးခဲ့ပြီး ကျန်ကျောင်းသားတစ်ဦးမှာ ‌ခြေတောက်တစ်ဖက်ဖြတ်ပစ်လိုက်ရကြောင်းသိရသည်။ 28.6.2024 ရက်နေ့တွင်လည်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ စကစဒေါက်တိုင်ဦးမန်းစိန်ပိုင်ဆိုင်သော ဆိုဒ်အတွင်းမှ ၁၂၀မမ လက်နက်ကြီးဖြင့်ချောင်းကြီးကျေးရွာအတွင်းသို့ ရမ်းသမ်းပြစ်ခတ်မှုကြောင့် ဒေါ်ထွေးတင်(အသက်-၅၇နှစ်)နှင့် သားဖြစ်သူ ပိုင်ပိုင်(အသက်-၁ရနှစ်)တို့မှာ နေရာမှာပင် ပွဲချင်းပြီးတေဆုံးခဲ့ပြီး ဦးရွှေကြည်+ဒေါ်ခင်ဝင်းတို့၏ သမီးဖြစ်သူ ဒေါ်မာရွှေ(အသက်-၄၀)(ဒဏ်ရာပြင်းထန်)နှင့် မဇင်မာဝေတို့နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ နှစ်ရက်တာအတွင်း စကစ၏လက်နက်ကြီး (၁၇)လုံးကျော် ရမ်းသမ်းပြစ်ခတ်မှုကြောင့် ပြည်သူ(၃)ဦးတေဆုံးခဲ့ပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

June 28, 2024 9.7K 28