♦️ဘုန်းကြီးကျောင်းမှာ ၈,၉ တန်း စာသင်ပေးခဲ့တုန်းကတည်းက တပည့်ဖြစ်ခဲ့တဲ့ ကလေး ... ဘောလုံးအတူတူကန်ဖြစ်ခဲ့တဲ့ ကလေး ... စာလည်းတော် ဘောလုံးကန်လည်းကောင်းတဲ့ အောင်ဇော်သက် ... ၅ လပိုင်းကောလင်းပါခဲ့ပြီး မနက်ဖြန်ဆိုရင် လေယာဉ်တက်ရတော့မယ် ...
♦️မုံရွာမှာ ကျောင်းသား (၄,၅ )ယောက်နဲ့ ပထမဆုံးဖွင့်တဲ့ 2023 ခုနှစ် 3 လပိုင်းတန်းခွဲမှာ သင်တန်းစတက်ခဲ့ပြီး ခု ကောလင်းကျလို့ သွားရတဲ့ အချိန်ထိ (၃) နှစ်ခွဲတောင်ကြာခဲ့ပါပြီ။
♦️ကိုယ်စိတ်ပင်ပန်းဆင်းရဲခံပြီး ရှာဖွေရရှိမယ့် ငွေကြေးတွေကို နောင်ရေးအတွက် အကျိုးရှိရှိ အသုံးချနိုင်ပါစေဗျာ











