﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎
ကျောင်းစတက်ကတည်းက ကြိုးစားလာလို့ စာတွေရနေတာ တော်တယ်! ဒါပေမဲ့ စာမေးပွဲမတိုင်ခင် ပျင်းတာနဲ့ မျက်စိရှမ်းမှာ ကြောက်ရင် ဒီ ၃ ခု လုပ်ပါ-
၁။ အဆိုးကိုတွေးပြီး မိုတီယူ (Negative Moti)
ငါ အခု စာမလုပ်ရင် နောက်ဆုံးကျမှ အမှတ်လျော့ပြီး နောင်တရမယ် လို့ တွေးပြီး ကိုယ် ကြိုးစားခဲ့သမျှ အချိန်တွေကို နှမြောစိတ်နဲ့ ဆက်ကြိုးစားပါ
၂။ ဖားကို အရင်စား (Eat the Frog) 🐸
ကိုယ်အကြောက်ဆုံး၊ မျက်စိအရှမ်းဆုံး၊ အခက်ခဲဆုံး အပိုင်းတွေကို အခု စာပြန်နွှေကတည်းက မနက်ခင်းမှာ
အရင်ဆုံး အပြတ်ရှင်းပစ်လိုက်ပါ
၃။ ခရမ်းချဉ်သီး စည်းမျဉ်း (Pomodoro) 🍅
၂၅ မိနစ်တိတိ စာအုပ်ကို ခဲတံနဲ့ တစ်လုံးချင်း ထောက်ဖတ်ပြီး
၅ မိနစ် တိတိ ခဏနားပါ ဒါဆိုရင် စာလုပ်ရတာ ပျင်းဖို့မကောင်းတော့ပါဘူး (ဒီနည်းလမ်းကို YouTube မှာ ရှာပြီး လေ့လာလို့ ရပါတယ်)
ကိုယ့်ကိုယ်ကိုယ် ငါက တာဝန်ကျေတဲ့ Good Kid တစ်ယောက်ပါပဲ လို့ စိတ်သွင်းထားပါ
အခြေခံကောင်းပြီးသား ဖြစ်တဲ့အတွက် ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုပါ
စာမေးပွဲမှာ A+ တွေ အကုန်ရကြပါစေလို့ A Moon က စိတ်ရင်းနဲ့ ဆုတောင်းပေးလိုက်ပါတယ်နော်!
#𝐀_𝐌ⱺⱺ𝗇




