♚ Outline 𝐎𝐱 𝐂𝐡𝐚𝐧𝐧𝐞𝐥 ♚: post #6586 — TG.ME

Forwarded fromYKYK Movie
အကောင်းဆုံးစစ်ကားတွေထဲက တစ်ကား

Fury [2014]

Review 📑

၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။

အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။

အလန်းစား တင့် တိုက်ပွဲတွေ တွေ့ရမြင်ရမှာ ဖြစ်သလို၊ ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်…
❤2
August 22, 2026 31