Dream Bags Organization: post #1244 — TG.ME

🇬🇧 မြန်မာကျောင်းသားတွေ ယာယီ လျှောက်ထားခွင့် မရှိသေးတဲ့ Chevening Scholarship က ဘာလဲ? ပြန်ဖွင့်လာရင် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ? 🎓✨ UK အစိုးရက ပေးအပ်တဲ့ Chevening Scholarship ဆိုတာ တစ်ကမ္ဘာလုံးက အနာဂတ် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို UK ရဲ့ နာမည်ကြီး တက္ကသိုလ်တွေမှာ မဟာဘွဲ့ (Master’s Degree) ကို စရိတ်ငြိမ်း အခမဲ့ တက်ရောက်ခွင့် ပေးတဲ့ သမိုင်းဝင် ပညာသင်ဆုကြီး ဖြစ်ပါတယ်။ မကြာသေးခင်က အပြောင်းအလဲတွေကြောင့် မြန်မာကျောင်းသားတွေအတွက် Chevening Scholarship လျှောက်ထားခွင့်ကို ယာယီ ဆိုင်းငံ့ထားတာကြောင့် အားလုံး စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဒါက ထာဝရ ပိတ်သွားတာ မဟုတ်တာမို့လို့ ဒီ ပညာသင်ဆုက ဘယ်လိုကျောင်းသားမျိုးကို ပေးတာလဲဆိုတာနဲ့ ပြန်လည် လျှောက်ထားခွင့် ရလာမယ့် အချိန်အတွက် အခုကတည်းက ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ Chevening Scholarship က ဘယ်လိုကျောင်းသားတွေကို ရွေးချယ်ပေးတာလဲ? 🤔 Chevening က သာမန် စာတော်ရုံတင်မကဘဲ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သူတွေကို ပိုပြီး ဦးစားပေး ရွေးချယ်လေ့ ရှိပါတယ် - ခေါင်းဆောင်မှု အရည်အချင်းရှိသူတွေ: မိမိ လုပ်ကိုင်နေတဲ့ နယ်ပယ် သို့မဟုတ် အသိုင်းအဝိုင်းမှာ အပြောင်းအလဲတစ်ခု ဖြစ်အောင် ဦးဆောင်နိုင်စွမ်းရှိသူ။ Networking ကောင်းမွန်သူတွေ: လူအများနဲ့ အချိတ်အဆက်မိမိ လုပ်ကိုင်နိုင်ပြီး ရေရှည် Connection တွေကို တည်ဆောက်နိုင်သူ။ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသူတွေ: အချိန်ပြည့် (သို့) အချိန်ပိုင်း အလုပ်၊ Volunteer အလုပ် စသည်ဖြင့် အနည်းဆုံး နာရီ ၂,၀၀၀ ရှိပြီးသားသူတွေနဲ့ မိမိနိုင်ငံကို ပြန်လည်အကျိုးပြုချင်စိတ်ရှိသူတွေ: UK မှာ ပညာသင်ယူပြီးရင် မိမိနိုင်ငံနဲ့ နယ်ပယ် တိုးတက်ဖို့အတွက် ခိုင်မာတဲ့ အနာဂတ် ရည်မှန်းချက် (Career Plan) ရှိသူတွေ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် လျှောက်ထားခွင့် ပြန်ရလာရင် အဆင်သင့်ဖြစ်နေအောင် ဘာတွေ ပြင်ဆင်ထားရမလဲ? 🛡 ခွင့်ရေးဆိုတာ ကြိုတင်ပြင်ဆင်ထားသူတွေအတွက်ပဲမို့လို့ လျှောက်လွှာ ပြန်ဖွင့်တာနဲ့ ချက်ချင်း အဆင်သင့်ဖြစ်နေအောင် အခုချိန်ကတည်းက ဒါတွေကို ပြင်ဆင်ထားလို့ ရပါတယ် - ၁။ လုပ်ငန်းအတွေ့အကြုံနှင့် Volunteer Activities များ စုဆောင်းပါ 💼 Chevening ရဲ့ အဓိက သတ်မှတ်ချက်ဖြစ်တဲ့ အနည်းဆုံး နာရီ ၂,၀၀၀ နီးပါး လုပ်ငန်းအတွေ့အကြုံ ပြည့်မီအောင် မိမိ နယ်ပယ်အလိုက် အလုပ်အကိုင်တွေ၊ လူမှုရေး/ပတ်ဝန်းကျင်ထိန်းသိမ်းရေး Volunteer အလုပ်တွေကို အရှိန်မပျက် ဆက်လက် လုပ်ဆောင်ထားပါ။ ၂။ Leadership & Networking ပုံပြင် (Stories) များကို မှတ်တမ်းတင်ပါ 📝 Chevening အက်ဆေး (Essays) ရေးတဲ့အခါ ကိုယ်တိုင် ဦးဆောင်ခဲ့ဖူးတဲ့ Project တွေ၊ ပြဿနာတွေကို ဘယ်လို အဖြေရှာခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကို အသေးစိတ် ရေးရတာပါ။ ဒါကြောင့် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ဖူးတဲ့ ခေါင်းဆောင်မှု အတွေ့အကြုံတွေကို ဒိုင်ယာရီလိုမျိုး သေချာ မှတ်တမ်းတင်စုဆောင်းထားပါ။ ၃။ အင်္ဂလိပ်စာ အရည်အသွေးကို အဆင်သင့် မြှင့်တင်ထားပါ 🇬🇧 UK တက္ကသိုလ်တွေဆီ လျှောက်ထားဖို့အတွက် IELTS (Academic) သို့မဟုတ် ပညာသင်ဆုက လက်ခံတဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေကို အမှတ်ကောင်းကောင်း ရရှိအောင် ကြိုတင် လေ့ကျင့်ပြင်ဆင်ထားပါ။ ၄။ တက္ကသိုလ်နှင့် ဘာသာရပ်များကို ကြိုတင် လေ့လာထားပါ 🏛 အခွင့်အရေး ပြန်ပွင့်လာရင် UK ရဲ့ ဘယ်တက္ကသိုလ်၊ ဘယ် Course တွေက ကိုယ့်အနာဂတ် ရည်မှန်းချက်နဲ့ ကွက်တိကျမလဲ ဆိုတာကို အခုကတည်းက University Websites တွေမှာ ဝင်ရောက် လေ့လာစုံစမ်းထားပါ။ 💡 အားမလျှော့ပါနဲ့နော် Dreamers လေးတို့ရေ….. အခွင့်အလမ်းဆိုတာ ခဏတာ ပိတ်သွားနိုင်ပေမဲ့ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ အရည်အချင်းတွေကိုတော့ ဘယ်သူမှ ပိတ်ပင်လို့ မရပါဘူး။ အခွင့်အရေး ပြန်လာမယ့် တစ်နေ့မှာ ပိုမို တောက်ပတဲ့ ကိုယ်စွမ်းကိုယ်စနဲ့ ရင်ဆိုင်နိုင်ဖို့ အခုချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ပိုမို တိုးတက်အောင် ပြင်ဆင်ထားကြရအောင်။ ပညာသင်ဆု လျှောက်ဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတွေ ရှိရင်လည်း အချင်းချင်း အားပေးနိုင်အောင် ဒီ Post လေးကို လှမ်း Share ပေးလိုက်ဦးနော်။ ✨ 🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။ Our Facebook Page - https://www.facebook.com/share/18TkJENqnK/ Our Telegram Channel - https://t.me/DreamBagsOrg Our Tiktok Account - @dreambagsorganization #DreamBagsOrg #CheveningScholarship #UKScholarship #SundayTalks

TelegramDream Bags OrganizationDream Bags Organization နှင့်အတူ နွေးထွေးသောကမ်းလက်များကို မျှဝေပါ။
August 16, 2026 159 1