Dream Bags Organization: post #1240 — TG.ME

Dream Bags မှာ Volunteer လျှောက်လို့ရပြီ 🤝 ကိုယ်က စာရေးသားရတာ ကြိုက်နှစ်သက်တဲ့သူလား? ဒါမှမဟုတ် ကိုယ့်မှာရှိတဲ့ Skills တွေကို လက်တွေ့အသုံးချပြီး Next Step အတွက် Volunteer တစ်ဦးအနေနဲ့ အတွေ့အကြုံတွေ ယူချင်တဲ့သူလား? ဒါဆိုရင်တော့ Volunteer လုပ်ဖို့ စိတ်ဝင်စားတဲ့ ညီလေး၊ ညီမလေးတွေအတွက် အိမ်မှာနေပြီး Volunteer လုပ်နိုင်မယ့်အပြင် ကိုယ့်ရဲ့ Skills တွေကိုလည်း Next Step ရောက်အောင် မြှင့်တင်နိုင်မယ့် Dream Bags Organization ရဲ့ Volunteer Recruitment တစ်ဖန်ရောက်ရှိလို့ လာပြန်ပါပြီ။ ✨ 📌 ဒီတစ်ခေါက် Volunteer Recruitment မှာ ခေါ်ယူသွားမယ့် Position တွေကတော့ - Content Writer - 5 Posts Graphic Designer - 4 Posts Video Editor - 2 Posts Public Relations - 3 Posts HR Officer - 3 Posts Instructor (Any Language) - 4 Posts တို့ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ Dream Bags Organization ဟာဆိုရင် ပညာ‌ရေး (Education) နဲ့ သဘာဝပတ်ဝန်းကျင် (Environment) ကို ဦးစားပေးလုပ်ကိုင်နေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခုပီပီ သင်တန်းတွေနဲ့ ဗဟုသုတရစရာတွေကို များစွာမျှဝေပေးလျက်ရှိပါတယ်။ 🌍 ဒါကြောင့်မလို့ အိမ်မှာနေရင်း မပျင်းရလေအောင် Dream Bags Organization မှာ Volunteer အဖြစ်လုပ်ကိုင်ရင်း ကိုယ့်ရဲ့ Skills တွေကို Next Step ရောက်အောင် အခုပဲ မြှင့်တင်လိုက်ပါ။ 🚀 Apply Here: https://forms.gle/msCxg9DTvjtE9jHR9 Volunteer လျှောက်ထားချင်တဲ့ ညီလေး၊ ညီမလေးတွေအနေနဲ့ 23 August နောက်ဆုံးထားပြီး Application Form ကို ဖြည့်သွင်းရန်လိုအပ်တာမလို့ နောက်မကျဘဲ အမြန်ဆုံး Apply လုပ်လိုက်ပါနော်…. ⏰ Interview Shortlist ရရှိသူများကိုလည်း Email ကနေတဆင့် အကြောင်းကြားစာပေးပို့သွားမှာဖြစ်တဲ့အတွက် ကိုယ်လက်ရှိအသုံးပြုနေတဲ့ Personal Email တွေကိုသာ ဖြည့်သွင်းပေးဖို့ အကြုံပြုလိုက်ပါတယ်။ 📩 🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။ Our Facebook Page - https://www.facebook.com/share/18TkJENqnK/ Our Telegram Channel - https://t.me/DreamBagsOrg Our Tiktok Account - @dreambagsorganization #DreamBagsOrg #VolunteerRecruitment #Recruitment

TelegramDream Bags OrganizationDream Bags Organization နှင့်အတူ နွေးထွေးသောကမ်းလက်များကို မျှဝေပါ။
August 10, 2026 231 3 4