မန္တလေးတွင် $Dogs ကွိုင်ထုသည့် အဲဒေါ့ဂိုဏ်းမှ တရုတ်နိုင်ငံသား ၄ဦးနှင့် မြန်မာ ၁၇ ဦး အဖမ်းခံရ
ဧရာဝတီ၊ ဩဂုတ် ၂၀၊ ၂၀၂၄
မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ နေအိမ်တအိမ်၌ တယ်လီဂရမ်ဖြင့် ၎င်းတို့ အခေါ် $Dogs ကွိုင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦးတို့ကို ဩဂုတ်လ ၁၈ ရက်က ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွင် ယနေ့ဖော်ပြသည်။
ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားများမှာ အသက် ၂၈ နှစ်အရွယ် Yanlong အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတဦး၊ မြန်မာနိုင်ငံသားများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၀ အရွယ် ကိုရဲမြင့်အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦးနှင့် အိမ်ရှင်အမျိုးသမီးတို့ဖြစ်ပြီး ၎င်းတို့ကို $Dogs ထုရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ ဖုန်းဆက်စပ်ပစ္စည်းများ၊ တယ်လီဂရမ် အကောင့်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် $Dogs တစ်ကွိုင်လျှင် မြန်မာငွေကျပ် 5ကျပ်ဟု သတ်မှတ်ကာ အွန်လိုင်းပေါ်တွင် ဈေးကစားနေကြသည့်သူများလည်း ဖြစ်သည်။
၎င်းတို့ကို ချမ်းအေးသာစံမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ရေးပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
ပုံစာ- ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ / Global New Light of Myanmar
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR