ယူကရိန်းစ-စ်ပွဲတွင် ရုရှားအနိုင်ရနေပြီဟု ပူတင်ပြော CNI International… — Channel News Independent(CNI) — TG.ME

ယူကရိန်းစ-စ်ပွဲတွင် ရုရှားအနိုင်ရနေပြီဟု ပူတင်ပြော

CNI International News

မော်စကို၊ စက်တင်ဘာ ၃

ရုရှားနိုင်ငံသည် ယူကရိန်းစ-စ်ပွဲတွင် အနိုင်ရရှိနေပြီဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ပြီး ယူကရိန်း ခေါင်းဆောင်ပိုင်းသည် ဆွေးနွေးညှိနှိုင်း၍ မရနိုင်သော အကြမ်းဖက်သမားများဖြစ်ကြောင်း ပုံဖော်ပြောဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် မကြာသေးမီက ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ယူကရိန်း၏ တိုက်ခိုက်မှုများသည် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပူတင်က ဝန်ခံခဲ့ပြီး ယူကရိန်း၏ ဒရုန်းများသည် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Websiteတွင်ဖတ်ရှုရန်...........https://cnimyanmar.com/political-2/politics-local/38659-yuukareinhc-itpwaltwin-rusharraanineranaypyehu-puutainpyaww

Source: ရိုက်တာ
👍3👏1
September 3, 2026 290 1