တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ရရှိသင့်ကြောင်း မာဒူရိုပြောကြား
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၄
ဗင်နီဇွဲလား သမ္မတဟောင်း နီကိုလပ်စ် မာဒူရို (Nicolas Maduro) က သူသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်ဖြစ်သဖြင့် တရားစွဲဆိုခံထားရမှုမှ ကင်းလွတ်ခွင့်ရရှိသင့်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်က မာဒူရိုကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ထိုစွဲချက်များကို ပယ်ဖျက်ပေးရန် မာဒူရိုက တရားသူကြီးတစ်ဦးကို စက်တင်ဘာ ၃ ရက်တွင် တောင်းဆိုခဲ့သည်။
Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38700-tararrhcwalsomhumha-kainnlwathkwngrashisangkyaungg-marduuropyawwkyarr
Source: ရိုက်တာ

2September 4, 2026 253