ငလျင်ဒဏ်ကြောင့်မို့လို့ အပြင်မှာသင်တဲ့ YLE အတန်းတွေ အပြီးပိတ်လိုက်ပါပြီခင်ဗျ။ အိမ်မှာ ကွန်ကရစ် တိုင်တွေကျိုးသွားလို့ပါ။ ဘာအတန်းမှ ဆက်မဖွင့်ဖြစ်သေးပါဘူး။
ကျွန်တော့သင်တန်းက အရှိန်အမြင့်ဆုံးအချိန်မှာ ဆရာဆရာမ ၇ ယောက်ကို တစ်ပြိုင်ထဲအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကလေးတွေလည်း စျေးသက်သက်သာသာနဲ့ လုံခြုံမှုရှိရှိ ပညာသင်ကြားနိုင်ခဲ့ပါတယ်။
ကိုယ့်အတွက်တော့ အမြတ်မကျန်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်တော့ အကျိုးပြုနိုင်ခဲ့ပါတယ်။
အခုတော့ တခြားနည်းနဲ့ပဲ လူ့အဖွဲ့အစည်းကို Contribute လုပ်ပါတော့မယ်။
April 15, 2025 4.3K