❝လာအိုချစ်ကြည်ရေးခရီးစဉ်၏ သက်ရောက်မှု❞
သမ္မတကြီး၏ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို Strategic Partnership အဆင့်သို့ မြှင့်တင်ရန် သဘောတူညီခဲ့ပြီး ခရီးသွားလုပ်ငန်း၊ ဗီယင်ကျန်းနှင့် နေပြည်တော်တို့ကို ညီအစ်မ မြို့တော်များအဖြစ်သတ်မှတ်ရေး၊ မဲခေါင်ရေအားလျှပ်စစ် ဖြစ်နိုင်ခြေလေ့လာရေး အပါအဝင် သဘောတူ ညီချက်များစွာ ရရှိခဲ့သည်။
ခရီးစဉ်၏ သက်ရောက်မှုအနေဖြင့် အာဆီယံအတွင်း ယုံကြည်မှု တည်ဆောက်ရေး၊ စွမ်းအင်လုံခြုံရေး မြှင့်တင်ရေးနှင့် မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ နိုင်ခြေရှိခြင်းတို့တွင်လည်း များစွာ သက်ရောက်မှုရှိစေခဲ့သည်ဟု သုံးသပ်နိုင်သည်။
အထင်ရှားဆုံးသော သဘောတူညီချက်မှာ မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်ဆည် ဖြစ်နိုင်ခြေလေ့လာရေး ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးသဘောတူညီချက် (Joint Development Agreement) ဖြစ်သည်။ အဆိုပါသဘောတူညီချက်အရ မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်အတွင်း မဂ္ဂါဝပ် ၂,၇၉၀ ထုတ်လုပ် နိုင်မည့် ဆည်တစ်ခု ဆောက်လုပ်ရန် ဖြစ်နိုင်ခြေကို ၃၄ လကြာ လေ့လာကြမည်ဖြစ်သည်။
အပြည့်အစုံအား 👇👇👇ဤနေရာမှတစ်ဆင့် Download လုပ်၍ ဖတ်ရှုနိုင်ပါသည်။
https://t.me/myanmarpoliticalanalysisteam/131
2
2July 7, 2026 191



