✍️​ခေတ်သစ်​ယောမင်းကြီး: post #3548 — TG.ME

❝မော်စကိုခရီးစဉ်က အစိုးရသစ်အတွက် ဘာတွေထူးခြားချက် ရနိုင်မလဲ ❞
====

ထားဝယ်ရေနက်ဆိမ်ကမ်းသည် မြန်မာနိုင်ငံ၏ အနောက်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်နှင့် အရှေ့ဘက် ရှိ ထိုင်းနိုင်ငံကြား တနင်္သာရီကမ်းရိုးတန်းတွင် တည်ရှိသည်။ ထားဝယ် SEZ ၏ မဟာဗျူဟာအမြင်မှာ ထိုင်းနိုင်ငံ၏ Eastern Seaboard နှင့် ချိတ်ဆက်ပြီး Greater Mekong Subregion (GMS) Southern Economic Corridor ကို ချိတ်ဆက်ရန် ဖြစ်သည်။ ထို့အပြင် ထားဝယ်ကို အနောက်ဘက်—အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပ—သို့ ဝင်ရောက်နိုင်မည့် Gateway အဖြစ် ဖော်ဆောင်ရန် လည်း ရည်ရွယ်ထားသည်။ ထို့ကြောင့် ထားဝယ်သည် မလက္ကာရေလက်ကြားကို အစားထိုးမည့် ဆိပ်ကမ်းတစ်ခုထက် မလက္ကာရေလက်ကြားအပေါ် ကုန်သွယ်ရေးမှီခိုမှုကို တစ်စိတ်တစ်ပိုင်း လျှော့ချနိုင်မည့် Alternative Corridor တစ်ခု ဖြစ်လာနိုင်သည်ဟု သုံးသပ်ရမည်ဖြစ်သည်။
----


#Myanmarpoliticalanalysisteam
မော်စကိုခရီးစဉ်က_အစိုးရသစ်အတွက်_ဘာတွေထ&#.pdf1.2 MB · PDF
👏2👍1
August 28, 2026 51