✍️​ခေတ်သစ်​ယောမင်းကြီး: post #3534 — TG.ME

"NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေး ဘာကြောင့် ကျရှုံးရလဲ"

NUG မှ ဦးဆောင်သော အလှူငွေ ကမ်းပိန်း များအပြင် နယ်စပ်ဒေသအခြေပြုသော ထင်ရှားကျော်ကြားသူတစ်ချို့၊ Cele တစ်ချို့ စသဖြင့် အမျိုးမျိုး သော ခေါင်းစဉ်များနှင့် ထောက်ပံ့မှုရှာဖွေခြင်းသည် ပြန့်ကျဲသော ကွန်ရက်များ ဖြစ်ပေါ်စေသည်သာမက အဆိုပါ အကြောင်းအရာကို မူတည်၍ တော်လှန်ရေး ဘက်တော်သားအချင်းချင်းပင် အမြတ်ကြီးစား သည့် လုပ်ရပ်များလည်း ပေါ်ပေါက်ခဲ့ကြသည်ကို တွေ့ရသည်။

ခြုံငုံသုံးသပ်ရလျှင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသော နွေဦးတော်လှန် ရေးသည် နိုင်ငံရေးဦးဆောင်မှု ကင်းမဲ့ခြင်း၊ စစ်ရေးအရ အမိန့်ပေးစနစ် (Chain of Command) မရှိဘဲ စစ်ဘုရင်ဝါဒ ကျင့်သုံးခြင်း၊ အချင်းချင်း ဖမ်းဆီးသတ်ဖြတ် လက်နက်ဖြုတ်ခြင်းနှင့် ဘဏ္ဍာရေး အလွဲသုံးစားမှုများကြောင့် ရလဒ်အနေဖြင့် ၎င်းတို့ကြွေးကြော်သောအာဏာရှင်ကို တွန်းလှန်ခြင်းထက် ပြည်သူလူထုအပေါ် ဒုက္ခပေးသည့် လက်နက်ကိုင် အစုအဖွဲ့များအဖြစ်သို့ ကူးပြောင်းသွားကာ၊ လက်ရှိအချိန်တွင် တော်လှန်ရေးသည် အောင်ပွဲနှင့် ဝေးကွာ၍ ကျရှုံးခြင်း အကြောင်းတရားများဆီသို့ မလွဲမသွေ ဆိုက်ရောက်နေရခြင်း ဖြစ်ပါကြောင်း

#Myanmarpoliticalanalysisteam
👍3👏1
July 5, 2026 161