သဲကုန်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ပကဖ ပူးပေါင်းတပ်က တိုက်ခိုက်ရာ… — Bago Scout Network — TG.ME

◼️သဲကုန်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ပကဖ ပူးပေါင်းတပ်က တိုက်ခိုက်ရာ စကစ ၅ ဦးသေဆုံး

၂၅ ဇူလိုင် ||| နွေဦးအသံ |||‌

ပဲခူးဒေသ၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၂၄ ရက်၊ ညနေ ၅ နာရီခန့်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သစ်နီတောရွာမှ ပန်းပင်ကုန်းရွာသို့ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းကွင်းထဲမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် စစ်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားသလို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ နဲ့ ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြည်ခရိုင် (ပကဖ)က ထုတ်ပြန်ထားတာပါ။

ပန်းပင်ကုန်းရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အဲဒီရွာမှ ဒေသခံပြည်သူ ၅၀၀ နီးပါးဟာလည်း အနီးပတ်ဝန်းကျင် ကျေးရွာတွေသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။

Photo | ပုံဟောင်း

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍1
July 26, 2026 201 1