Not lonely, just Solo: post #647 — TG.ME

LOVE VS HATE

လူအများစုက ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်ကို မုန်းတီးခြင်းလို့ထင်ကြတတ်ပြီး၊ မုန်းတီးခြင်းရဲ့ ဆန့်ကျင်ဘက်ကိုလည်း ချစ်ခြင်းလို့ ယူဆကြတတ်တယ်။ ပထမမြင်ရသလောက်တော့ make sense ဖြစ်သလိုပဲ ထင်နိုင်ပေမယ့် စိတ်ပညာနဲ့ ဦးနှောက်သိပ္ပံကို နက်နက်ရှိုင်းရှိုင်းကြည့်မယ်ဆိုရင် အမှန်တကယ် မိမိထင်သလိုမဟုတ်ပါ။ ချစ်ခြင်းနဲ့ မုန်းခြင်းဟာ တိုက်ရိုက် ဆန့်ကျင်ဘက်မဟုတ်ဘဲ ဦးနှောက်ထဲမှာ အံ့သြစရာ တူညီမှုတွေ ပါဝင်နေတဲ့ စွမ်းအားပြင်းပြင်း emotion နှစ်မျိုးပဲ ဖြစ်ပါတယ်။

Neuroscience အရ တစ်ယောက်ယောက် ချစ်နေတာဖြစ်စေ၊ အလွန်မုန်းနေတာဖြစ်စေ ဦးနှောက်အတွင်းမှာ တူညီတဲ့ activation zone တွေ ထပ်တူတူ လှုပ်ရှားနေတတ်တယ်။ ချစ်ခြင်းအချိန်မှာ ဦးနှောက်ထဲ dopamine, oxytocin, serotonin, norepinephrine တွေ ထွက်ပေါ်ပြီး bonding, trust, excitement တို့ကို ဖြစ်စေတယ်။ ဒါပေမယ့် မုန်းခြင်းအချိန်မှာတော့ adrenaline, cortisol, norepinephrine နဲ့ တခါတရံ dopamine ထွက်ပေါ်ပြီး tension, stress, alertness တို့ကို ဖန်တီးတတ်တယ်။

ဒီအကြောင်းကြောင့်ပဲ ချစ်ခြင်းနဲ့ မုန်းခြင်းဟာ တိုက်ရိုက် opposite relationship မဟုတ်ဘဲ parallel pattern အနေနဲ့နီးစပ်နေကြတာ ဖြစ်တယ်။ တစ်ဖက်က bonding နဲ့ connection ကို ဖန်တီးပြီး၊ တစ်ဖက်ကတော့ threat နဲ့ defense ကို ဖန်တီးတယ်။ နှစ်ခုစလုံး intensity ပြင်းပြင်းနဲ့ တောက်လျှံပေမယ့် ဦးတည်ရာမတူကြဘူး။ ဒါကြောင့်ပဲ လူတချို့ အလွယ်တကူ ချစ်ခြင်းကနေ မုန်းခြင်းဆီ အလွယ်တကူ ကူးသွားနိုင်တတ်တာဖြစ်တယ်။ "အရမ်းချစ်လွန်းလို့ အရမ်းမုန်းသွားတာ ကြားဖူးကြမယ်" ထင်ပါတယ်။

အမှန်တကယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်က မုန်းခြင်း မဟုတ်ပါ။ Indifference (မစိတ်မဝင်စားခြင်း) ပဲ ဖြစ်တယ်။ တစ်ယောက်ကို မပြန်စဉ်းစားတော့၊ မာနမထားတော့၊ ဘာမျိုးဖြစ်ဖြစ် စိတ်မပူတော့, လျစ်လှူရှု့လိုက်တဲ့အချိန်, အဲဒါကတော့ တကယ့်ချစ်ခြင်းရဲ့ အဆုံးလည်းဖြစ်ပြီး တကယ့် opposite လည်းဖြစ်ပါတယ်။

#chifu
❤6❤‍🔥2🥰1😘1
September 9, 2025 593 4