Not lonely, just Solo: post #654 — TG.ME

ဘာမှမရှိတဲ့ကျွန်းငယ်လေးတစ်ခုမှာ ကျွန်တော်တည်ရှိနေသည်။ ဘယ်သူဘယ်ဝါမှမရှိသလို အရာအားလုံးက လေပြင်းကလွဲရင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ကျွန်တော့နုတ်ကထွက်လိုက်သည်မှာ "ကလေးတွေ ဝေးလှံလှတဲ့မိုင်ပေါင်းတွေကိုကျော်ဖြတ်ပြီး ဒီကိုရောက်ကာမှ အနာဂတ်ပျောက်သွားခဲ့ရတယ်"။
__________

နေအလင်းရောင်မလွမ်းခြုံနိုင်တော့၊ လဧ။်အလင်းရောင်ရောက်ရှိလာခဲ့ပြီ။ ကလေးတွေ ရာနဲ့ချီ တစ်စုတစ်စည်းတည်း အိပ်ပျော်နေကြပြီ။ ကျွန်းငယ်လေးထဲမှာ ကလေးတွေအတွင်အကာအကွယ်ဖြစ်နိုင်ဖို့ ခိုအောင်းစရာ ဂူမရှိချေ။ တောင်စောက်ကလေးတစ်ခုဧ။်အောက်တွင် ကလေးတွေကို သိပ်ရဧ။်။ ဒီည မုန်တိုင်းဝင်စပြုလာပြီ။
ပထမ လေကြမ်းတွေတိုက်လာ၍ မိုးစက်ကလေးများနှင့်အတူ တောင်စောက်ကလေးအောက်တွင် မြောင်းလေးသဖွယ် စီးဆင်းလာသည်။ အိပ်ပျော်နေသောကလေးငယ်များ နို့ကြားလာ၍ အော်ငိုကြသည်။
"မားမား... မားမား..."
အော်ငိုသံအတွင်းမှာ စိုးရွံ့မှုနှင့် ကြောက်ရွံ့မှုတွေအပြည့်။ ကလေးဧ။်ဆံပင်အချောင်းများကို မြောင်းရေစီးကြောင်းက ဆွဲယူနေသည်။ ထို့ကြောင့် အိပ်သည့်နေရာ ပြောင်းရသည်။ ပြောင်းရသည်သာပြောသည် အဝေးကြီးမပြောင်းနိုင်၊ ရေစီးကြောင်းနှင့်လွတ်ရုံလောက်သာ ကလေးများအားလုံးကိုပြောင်းရွှေ့နိုင်သည်။ တစ်ဖန် မိုးများအကြီးအကျယ် ရွာသွန်းကုန်တော့သည်။ အငိုတိတ်မယ်ပဲရှိသေးသောကလေးငယ်များကို သဘာဝကြီးက "ထပ်ငိုစမ်း" ဟု ပြောလိုက်တဲ့အတိုင်း။
မိုးစက်မိုးပေါက်များ ကလေးပေါ်သို့ကျ၍ ကြောက်စိတ်နှင့်ငိုကြရပြန်သည်။ ဘာမှမနားလည်မသိတတ်သေးတဲ့ ကလေးအရွယ်ငယ်လေးတွေမှာ မိုးစက်မိုးပေါက်များကြောင့် အကုန်လုံးမှောက်ခုံဖြစ်သွားကြဧ။်။
ကျွန်တော့ဧ။်အတောင်ပံတွေကာမူ ကလေးအလုံးစုံကို လွမ်းခြုံ၍ အကာအကွယ်ပြုရန် မလုံလောက်နိုင်ရာ ကိုယ့်ဟာကိုအလွန်တရာမှစိတ်ပျက်နေမိသည်။
နားထဲတွင် မုန်တိုင်းသံကိုမကြားနိုင်တော့၊ ကလေးတွေရဲ့ ငိုသံသာ နားထဲဟိန်းနေသည်။ မိုးစက်တွေကို မိုးစက်တွေလိုမမြင်နိုင်ဘဲ ကလေးတွေကိုလာထိသည့် ရန်သူသဖွယ်ပဲမြင်မိတော့သည်။

__________
ကျွန်တော်အိမ်မက်မှ လန့်နိုးလာသည်။ နှလုံးခုန်မြန်နေ၍ အလွန်မောဟိုက်လို့နေသည်။ အိမ်မက်ထဲမှ ကလေးတွေရဲ့ငိုသံကိုနားထဲမှမထွက်နိုင်သေးပေ။ တစ်ပြိုင်နက်ထဲ အတွေးထဲဝင်လာသည်မှာ "အမေ"...


Written by Aztec Chifu | © 2025
❤8😭3👍1
November 17, 2025 931 1