❝ထိုင်းရဲ့ ပထမဦးဆုံး ကင်ဆာကုသဆေးထွက်ရှိလာ❞
ထိုင်းနိုင်ငံပြည်တွင်းမှာပဲ ဖြန့်ချိထုတ်လုပ်လိုက်တဲ့ ပထမဆုံး ကင်ဆာကုသဆေး Imcranib 100 ထွက်ရှိလာပါပြီ။ ဒီဆေးကိုတော့ မင်းသမီးတော် Chulabhorn Krom Phra Srisavangavadhana ရဲ့ ဦးဆောင်မှုအောက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အခုဆေးက ကင်ဆာဆေးကို ခေတ်နဲ့ တပြေးညီ ဖြစ်အောင် နည်းပညာ၊ ပုံစံနဲ့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ကင်ဆာဆဲလ်တွေကို အဓိက တိုက်ခိုက်၊ ကျန်းမာတဲ့ ဆဲလ်တွေကို ရှောင်ကွင်းစေပြီး ဘေးထွက်ဆိုးကျိုး လျော့နည်းအောင် လုပ်ထားတာဖြစ်ပါတယ်။ ကီမိုသွင်းတာတွေရဲ့ ဆိုးကျိုးတွေ လျော့နည်းအောင်မျိုးကို အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တယ်လို့ Chulabhorn Royal Academy (CRA) က ထုတ်ပြန်ထားပါတယ်။
.
“ဒီဆေးနဲ့ဆို လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးကုသမှုပေးနိုင်မှာပါ”လို့ဆိုထားတဲ့အပြင် မင်းသမီး Chulabhorn က ကင်ဆာဝေဒနာသည်တွေ ဆေးရရှိမှု အားနည်းတာ ကုသမှုတွေ အားနည်းတာအတွက် အထူးရည်ရွယ်ပြီး ၂၀၂၀ ကတည်းက စတင်ခဲ့တဲ့ Sattahip ခရိုင်၊ ချွန်ပူရီက ဆေးဝါးထုတ်လုပ်ရေး ပရောဂျက်ရဲ့ တစိတ်တပိုင်းပါ။ ထိုင်းရဲ့ ကင်ဆာကုသဆေးဆို ကမ္ဘာလုံးဆိုင်ရာ စံချိန် စံညွှန်းတွေနဲ့ညီညွတ်အောင် အထူးကြိုးစားနေကြသလို မင်းသမီးတော်ကိုယ်တိုင်လည်း အသေးစိတ် ကြီးကြပ်ပြီး အောင်မြင်အောင်လုပ်နေကြတာပါ။
.
Imcranib 100 ကို FDA မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကပဲ စာရင်းသွင်းမှတ်ပုံတင်ခဲ့သလို ဒီကင်ဆာဆေးက ကင်ဆာဆဲလ်တွေကို တိုက်ရိုက်တိုက်ခိုက်ပြီး အထူးသဖြင့် သွေးကင်ဆာ၊ အစာအိမ်၊ အူလမ်းကြောင်း ကင်ဆာတွေနဲ့ အရေပြားကင်ဆာရောဂါတွေကို ကုသနိုင်မယ့်ဆေးဖြစ်ပါတယ်။ ကင်ဆာကုသမှုကိုတော့ Chulabhorn ဆေးရုံးမှာ ရယူနိုင်ပြီဖြစ်ပြီး ထိုင်း လူနာတွေကတော့ တော်တော်လေး ကုန်ကျစရိတ်သက်သာ၊ အဆင်ပြေနေကြပြီလို့ CRA က ထုတ်ပြန်ထားပါတယ်။ သိပ်မကြာခင်မှာတော့ ထိုင်းရဲ့ ဆေးပညာက ခေတ်ရှေ့ပြေးလာတော့မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဆေးတွေ၊ နည်းပညာတွေကို ထုတ်လုပ်ဖို့ Imcranib 100 က တွန်းအားဖြစ်တယ်လို့ CRA က ထုတ်ပြန်ထားပါတယ်။ ဝမ်းသာစရာပါ။
Ref: Bangkok Post
burmatowns
#Sayarsan
52
8
1July 12, 2025 1.3K 3