မာဖီးယား ဂိုဏ်းခေါင်းဆောင်က ဆက်ကြေးအခွန် တောင်းတဲ့စာ ပို့တာကို… — ဆရာစံ — TG.ME

မာဖီးယား ဂိုဏ်းခေါင်းဆောင်က ဆက်ကြေးအခွန် တောင်းတဲ့စာ ပို့တာကို စာပို့ခံရလို့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စာပြန်လိုက်တာ တော်ရုံအရှက်မျိုးတော့ မဟုတ်ဘူး။ ခံရတဲ့ စည်းကြပ်ခွန်ကလည်း အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အမြင့်ဆုံး၊ ၄၀ ရာခိုင်နှုန်း။ ထိုင်းနဲ့ ကမ္ဘောဒီးယားတောင် ၃၆ ရာခိုင်နှုန်းပဲရှိ။
.
တလောကမှ B2 Bombers တွေနဲ့ ဗုံးကြဲပြီး ပြုတ်ပြုတ်ပြုန်းကုန်ပြီလို့ ကြေညာခဲ့တဲ့လူကို "ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်" တယ်က ဆိုသေး။
.
အိန္ဒိယနဲ့ စစ်ပွဲမှာ ငြိမ်းချမ်းရေး ဆောင်းကျဉ်းပေးခဲ့တဲ့အတွက်ဆိုပြီး ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုပေးသင့်တဲ့အကြောင်း ပါကစ္စတန်အစိုးရက အဆိုတင်သွင်းခဲ့ဖူးတယ်။ အဆိုတင်သွင်းပြီး နောက်တရက်မှာ ထရမ့်က အီရန်ကို B2 bomber တွေနဲ့ ဗုံးကြဲပါလေရော။
.
ကဲ ၂ ရက်ပဲ ခြားသေးတယ်၊ အမေရိကန်အစိုးရရဲ့ အီရန်အပေါ် ဗုံးကြဲမှုတွေကို အပြင်းအထန် ရှုံ့ချပါကြောင်းဆိုပြီး ပါကစ္စတန်အစိုးရက ထုတ်ပြန်ချက်ထပ်လုပ်ရပြန်တယ်။ တခါတလေ 'မ' တာလည်း သတိထားသင့်တဲ့ သင်ခန်းစာပေါ့။
.
ရေးလိုက်သမျှ စကားလုံးတွေက 'Sincere appreciation' တို့၊ 'It is with great esteem' တို့။ တောင်းပန် ခယ အောက်ကျို့တာမှာ အဝီဇိကပ်နေတဲ့ အရေးအသားတွေ။ ခေါင်းစဉ်တပ်ထားတာက သဝဏ်လွှာ/အကြောင်းကြားစာ တဲ့။ မင်းအောင်လှိုင်က ဒေါ်နယ်ထရမ့်ကို ရေးတဲ့စာ ပြောပါတယ်။
.
ဘယ့်နယ်။
.
(ဆောင်းပါးရှည် ရေးနေရင်းနဲ့ ကျလိကျလိ ဖြစ်လာလို့ လာရေးမိပါတယ်ဗျာ)

Crd: မရတ်ကျော်သူ
#Sayarsan

https://www.facebook.com/share/p/14unn2Xzun/
Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍43❤6🔥2
July 11, 2025 1K 1