နိုင်ကျဉ်းတစ်ဦးရေးသားတဲ့ ရွှေညဝါဆရာတော်ရဲ့ ထောင်တွင်းရပ်တည်ချက် AAMIJ… — ဆရာစံ — TG.ME

ဆရာစံPhoto
နိုင်ကျဉ်းတစ်ဦးရေးသားတဲ့ ရွှေညဝါဆရာတော်ရဲ့ ထောင်တွင်းရပ်တည်ချက်

AAMIJ / ဇူလိုင် ၁၀

အဲ့ချိန်က ဖမ်းထားတဲ့ နိုင်ကျဥ်းအများစုက အင်းစိန် သီးသန့်ထောင်ထဲထည့်ထားတယ်။ ကျနော်က (၁)
ဆောင်(၆)ခန်းမှာ တစ်လလောက်နေတော့ (၂)ဆောင်ပြောင်းရတယ်။ (၁၁)တိုက်နဲ့ (၁၂)တိုက်မှာက ရွှေညဝါဆရာတော်၊ဦးဇင်းပုရစ်၊ အန်ကယ်ဦးဥာဏ်ဝင်း၊ ဦးသိန်းဦး၊ ဒေါက်တာမျိုးညွှန့်၊ စာရေးဆရာဦးထင်လင်ဦး၊ဦးဘမျိုးသိန်း၊ ကိုနိုင်ငံလင်း၊ အဆိုတော်စော်ဖိုးခွား နဲ့ ပါတီအမတ်တစ်ချို့နေကြရတယ်။

ကိုဗစ်တတိယလှိုင်းကြောင့် ရုံးထုတ်တွေပိတ်ပြီး ထောင်ကို လော့ဒေါင်းချထားတယ်။နိုင်ကျဥ်းအားလုံးနီးပါး ကိုဗစ်ထိပြီး အခန်းတွေထဲ လဲနေကြတယ်။
ပါဆယ်လည်းသွင်းခွင့်မရှိ။ဆေးဝါးလည်း မလုံလောက်ဖြစ်နေချိန်ဖြစ်တယ်။

NLD CEC ဦးဥာဏ်ဝင်း ကိုဗစ်ကြောင့် ဆုံးပြီးတော့
၂၀၂၁ ဝါဆိုလပြည့်နေ့ထင်တယ်(၂၃.၇.၂၀၂၁) မနက်စောစောမှာ (၄)ဆောင်ဘေး (၁၂)တိုက်ထဲမှာနေတဲ့ ရွှေညဝါဆရာတော်က တပ်ထားတဲ့ Oxygen ပိုက်ဖြုတ်ပြီး တိုက်အဝထွက်လာပြီးတော့ ဆရာတော်က အပြင်မှာကော အခုထဲမှာကော အသက်ပေးနေကြရပြီ။အကြမ်း
ဖက်စကစနဲ့ အကျဉ်းဦးစီးက အခု ဦးဥာဏ်ဝင်းကို လူသတ်နေတာ ဒီတိုင်းထိုင်နေကြတော့မှာလားဆိုပြီး ပေါက်ကွဲပြီး အော်သံကို (၄)ဆောင်က နိုင်ကျဥ်းတွေက မြင်လိုက်တွေ့လိုက် ကြားလိုက်တယ်။

အဲ့ဒီမှာ (၄)ဆောင်က ရဲဘော်တွေက ကမ္ဘာမကြေဘူးဟေ့ဆိုပြီး ထဆိုကြရာကနေ (၁)ဆောင် ၊(၂)ဆောင်နဲ့ နိုင်ကျဥ်းအမျိုးသမီးတွေ နေတဲ့အဆောင်ထိ ကူးစက်သွားပြီး တောင်ထွင်းတိုက်ပွဲစတင်ကြတယ်။

ဝန်ထမ်းတွေက အဆောင်တံခါးတွေ သော့ခတ်ပြီး မိန်းဂျေးကို သွားစုဝေးကြတယ်။ အကြမ်းဖက် ဖြိုခွင်းတော့မယ့် အခြေအနေတွေမြင်ကြတာကြောင့် အဆောင်ခေါင်မိုးတွေပေါ်တက်ပြီး အဆောင်တိုင်းလိုလို ရဲ့ ခေါင်မိုးမှာ ရှိတဲ့ အကျီအမဲတွေကို ဆုတ်ဖြဲပြီး
အလံနက်ကို လွင့်ထူခဲ့ကြပြီး ရှိတဲ့အားနဲ့ တွန်းလှန်ခံချကြမယ်ဆို လုပ်ကြတယ်။ ရှိတဲ့ ရေသန့်ပုံးတွေ ပုံစံခွက်ကိုတွေထုပြီး အပြင်ကပြည်သူတွေကြားအောင် ကြွေးကြော်ကြတယ်။

ဒီအချိန် ရွှေညဝါဆရာတော်က ငါ့ကလေးတွေ တစ်ယောက်ထိရင် ငါ့ကိုယ်ငါ သတ်သေပစ်မယ်ဆိုပြီး အာဏာပိုင်တွေကို ရာဇသံပေးလိုက်တယ်။

အဲ့ချိန်မှာ ဆရာတော်က အောက်ဆီဂျင်ပြတ်နေတာမို့ ဆရာတော်ကိုငဲ့ပြီး အဆောင်အသီးသီးက နိုင်ကျဥ်းတွေ စုပေါင်းပြီး ရွှေညဝါ ဆရာတော် ဘုရားကြီးအ
ပါအဝင် အသက်ကြီးမြင့်တဲ့လူကြီးတွေကို လုံလောက်
တဲ့ ဆေးကုသမှုပေးဖို့ဆိုတဲ့အချက်အပါအဝင် ဘုံသ
ဘောတူညီချက် တောင်းဆိုချက်ကို အကစ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြတယ်။

အာဏာပိုင်ဘက်က ညွှန်မှူးလက်မှတ်နဲ့ထင်တယ် သဘောတူကြောင်း စာရောက်လာပြီး သပိတ်တိုက်ပွဲ ခဏရပ်ဆိုင်းပြီး အဆောင်တံခါးတွေဖွင့်ပြီး အပြင်ကို ထွက်လာကြတယ်။

အဲ့ဒီအခါမှာ ဆရာတော်က သီးသန့်ထောင်ထဲက တစ်ခုတည်းသော ဘုရားဝင်းအပေါ်ကို အောက်ဆီဂျင်မပါပဲတက်လာခဲ့ပြီး ဒီထောင်တွင်းတိုက်ပွဲကြောင့် ငါ့ကလေးတွေကို ဘာမှမဖြစ်စေရဘူး အရေးမယူရဘူးဆိုတာ သဘောမတူမချင်း ငါဆေးကုမခံဘူး အသေခံမယ်ဆိုပြီး အကစ အာဏာပိုင်တွေကို ပြောတော့ အာဏာပိုင်တွေက သဘောတူခဲ့တယ်။

ဆရာတော်ပြန်လွတ်ပြီးတော့လည်း မှော်ဘီကနေ ရန်ကုန်ကို တန်းဆွမ်းဆွမ်းခံထွက်ပြီးရင် အလှူခံရတာတွေကိုကားပေါ်တင် ထောင်ရှေ့ထိ ကားမောင်းခိုင်းပြီး အထဲက နိုင်ကျဥ်းတွေကို ပါဆယ်စျေးဘားထည့်တယ်။
ဆရာတော်ကျောင်းမှာလည်း နိုင်ကျဥ်းမိသားစုတွေကို တစ်နှစ်တစ်ခါ သီးသန့် ဆန်ဆီဆားလမ်းစရိတ်လှူတယ်။ လွတ်လာပြီးကတည်းက ပျံတော်မမူခင်အထိ ဆရာတော် အမြဲလုပ်ပေးခဲ့တဲ့ အရာတွေပါ။

ဆရာတော်ကျေးဇူး တပည့်တော်တို့အပေါ်ကြီးမားလှပါတယ်။ နိုင်ကျဥ်းများအားလုံးကိုယ်စား လေးစားဦးညွှတ် ဦးတင်အပ်ပါသည်။

နိုင်ကျဉ်း တစ်ဦးဖြစ်တဲ့ C.M.O(ဂဏန်း) ရေးသားသည်။

aamij
#Sayarsan

မူရင်း Link⬇️
https://www.facebook.com/share/p/16uLreGw8d/
Facebook
Log in or sign up to view
See posts, photos and more on Facebook.
🙏50❤9😁1
July 10, 2025 922 4