‌အောင်မြင့်မြတ်😁: post #33547 — TG.ME

စက်ာပူကို ကျော်ပြမယ်

ထားဝယ်ရေနက်ဆိပိကမ်းအကြောင်းကို ရေးချင်နေတာ ကြာပါပြီ။ အခုတော့ ရုရှားနဲ့ ဆောင်ရွက်ဖို့ နားလည်မှု စာချွှန်လွှာ ရေးထိုးပြီးပြီဆိုတော့ လူသိနည်းတဲ့ အချက်လေးတွေ ရေးပြချင်သေးတယ်။
မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်ကြီး ၃ ခု ရှိပါတယ်။
၁။ ထားဝယ်အထူးစီးပွားရေးဇုန်
၂။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်
၃။ သီလဝါအထူးစီးပွားရေးဇုန် တို့ ဖြစ်ပါတယ်။
ရင်းနှီးမြှပ်နှံသူတွေ အနေနဲ့က ထားဝယ် မှာ ထိုင်း၊
ကျောက်ဖြူမှာ တရုတ်၊ သီလဝါမှာ ဂျပန်နဲ့ တောင်ကိုရီးယားတို့ အဓိကပါဝင်ကြပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် (Dawei SEZ) က တနင်္သာရီတိုင်းဒေသရှိ ထားဝယ်မြို့တွင် မြန်မာနိုင်ငံမှာ အကြီးမားဆုံး စီးပွားရေးဇုန်နှင့် ဆိပ်ကမ်းတည်ဆောက်မှု စီမံကိန်းဖြစ်ပါတယ်။
ဒီဇုန်ထဲမှာ ရေနက်ဆိပ်ကမ်း၊ စက်ရုံများ၊ ကားလမ်း၊ ရထားလမ်း၊ လျှပ်စစ်နှင့် အခြားအခြေခံအဆောက်အအုံများ တည်ဆောက်ရန် ရည်ရွယ်ထားပြီး၊ ဧရိယာ ၁၉၆ စတုရန်းကီလိုမီတာ ကျယ်ပါတယ်။
၂၀၀၈ ခုနှစ်က ထားဝယ် SEZ ကို စတင်ရန် သဘောတူညီချက်ကို Italian-Thai Development Corporation (ITDC) နဲ့ ချုပ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် တည်ဆောက်မှုတွေ ရပ်နားသွားခဲ့ပါတယ်။
ရပ်နားသွားရတဲ့ အကြောင်းကို သိရင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ITDC ဟာ ထိုင်းစတော့စျေးကွက် Stock Exchange of Thailand (SET) ဝင် ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ထားဝယ်စီမံကိန်းလုပ်ကိုင်ခွင့် ရကတည်းက ITDC ရဲ့ ရှယ်ယာစျေးဟာ ထိုးတက်သွားခဲ့ပါတယ်။
ရှယ်ယာဝယ်ယူသူ အများစုဟာ စက်ာပူတွေ ဖြစ်ကြပါတယ်။
စက်ာပူဆိုတာက တရုတ်ရဲ့ ပြည်နယ်ခွဲလိုဖြစ်နေတာပါ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ၂၀၀၉ မှာ စတင်ဆောင်ရွက်ကြပါတယ်။ ကျောက်ဖြူစီမံကိန်းဟာ တရုတ်ရဲ့ အသက်ကယ်ထွက်ပေါက်ဖြစ်တဲ့အတွက် ပြီးအောင် တည်ဆောက်ကြပါတယ်။
ထားဝယ်စီမံကိန်းကတော့ စက်ာပူရဲ့ ထွက်သက်လို့ မြင်ထားကြပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းသာ ပြီးစီးခဲ့ရင် စက်ာပူဆိပ်ကမ်းတွေ ရပ်နားသွားရလိမ့်မယ် အထိ သူတို့ မြင်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ စက်ာပူတွေဟာ ITDC ရဲ့ ရှယ်ယာတွေကို ရသလောက် ဝယ်သွားကြတာပါ။ လုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံချင်လွန်းလို့ မဟုတ်ပါဘူး။ ဒုက္ခပေးဖို့ လုပ်ကြတာပါ။
ITDC ရဲ့ ရှယ်ယာ ၇၀% ကျော် စက်ာပူသားတွေ လက်ထဲရောက်ချိန်မှာ ITDC ကို စက်ာပူစတော့စျေးကွက် Singapore Exchange (SGX) မှာ တင်ကြပါတော့တယ်။
ITDC အနေနဲ့ SGX မှာ List ဝင်ခွင့်ရလို့ ဝမ်းမြောက်နေပေမယ့် SGX မှာ ITDC ရဲ့ ရှယ်ယာတွေ စုပြုံရောင်းချပြီး စျေးဖျက်ပစ်လိုက်ကြပါတယ်။
ITDC ရဲ့ ရှယ်ယာစျေးဟာ ၈၅% အထိ ဆုံးရှုံးသွားချိန်မှာ ITDC လည်း ဒေဝါလီခံရဖို့ အထိ ဖြစ်သွားပြီး ထားဝယ်စီမံက်န်းလည်း ရေစုံမျောခဲ့ရပါတော့တယ်။
ဒါဟာ ခေတ်သစ်စီးပွားရေးလောကရဲ့ ဦးနာအောက်ခံလိုက်ရတဲ့ လမ်းစဥ်ပါပဲ။
အခုရက်ပိုင်းမှာပဲ ရုရှားနဲ့ တရားဝင် MoU ထိုးပြီးပြီဆိုတော့ အရှေ့အာရှနှင့် တောင်အာရှကို ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော အရေးပါဆုံးသော ဆိပ်ကမ်းကြီး ပေါ်လာတော့မှာမို့ ရေကြောင်းနှင့် စီးပွားရေးလမ်းကြောင်းများတိုးတက်ကာ မကြာမီ စက်ာပူကို ကျော်နိုင်လိမ့်မယ်ဆိုတာ မြေကြီးလက်ခပ်မလွဲဖြစ်လာပါလိမ့်မယ်ဗျာ။

ဒေါက်တာကျော်ဆွေ (NUP)
February 25, 2025 543