#BreakingNews
******
Future Sweet ဘဝ မှသည် Just Sweet နောင်ချို မဟုတ်မဟုတ်တော့ အခု ချိုနေပါပြီ
အရိပ်မဲ့ စစ်ကြောင်းတွေဟာ နောင်ချို ကို အခုချိုအောင်လို့ ကျည်စပေါက်ပါပြီ
တိုက်ပွဲတွေ ပြင်းထန်နေပါတယ် လွန်ခဲ့တဲ့ ၃ ရက်ထဲက တပ်မတော် လေ ရဲ့ လေနတ်သားတွေဟာ နောင်ချို ပါတ်ဝန်းကျင်က တင်နီလာအေးနဲ့ ပဒက်တွေ ခိုအောင်းတဲ့ Locations တွေကို ကြိုတင်ချေမှုန်းခြင်း လုပ်ဆောင်ခဲ့တာ သတိပြုမိမယ်ထင်ပါရဲ့ဗျာ
Guns of the Taung Kham တောင်ခမ်းက အမြောက် 155mm ဟောင်ဝစ်ဇာတွေရဲ့ ပစ်ကူကိုရယူခဲ့သလို လေနတ်သား ၂ပါးကလည်း ဝရဇိန်လက်နက်နဲ့ အမဲဖျက်ခဲ့ပါတယ် Drone Crews အဆင့်မြင့် ဒရုန်းတပ်ဖွဲ့တွေကလည်း စဥ်ဆက်မပြတ်ချေမှုန်းပေးခဲ့ပါတယ် Y12 ကြီးနဲ့ ပါတ်လည် ပစ်ကူပေးခဲ့ပြီး မြေပြင်စစ်ကြောင်းတွေက နောင်ချို ရဲ့ မြောက်ဘက်အရပ်ကို ရန်သူအတွက်ဆုတ်လမ်း ပေးထားခဲ့ပါတယ် အမြောက်နဲ့ လေကြောင်းက Air Strike လုပ်ချိန်မှာ မိမိစစ်ကြောင်းများ ကျည်လွတ်မြေဖြစ်အောင်ပေါ့
၁၁၄ / ၁၁၅ ဘက်ကို နက်ဖြန်လောက်ဆို စပြီး သိမ်းပိုက်နိုင်မလား ဆိုတာကတော့ စစ်သတင်းများ ဆက်စောင့်ကြည့်ကြတာပေါ့
ဘာဖြစ်ဖြစ် ကြိုဆိုပါတယ်ခင်ဗျာ နှစ်ဖက် အထိအခိုက် အကျအဆုံးတွေကတော့မသိရှိရသေးပါဘူး မကြာခင်အောင်မြင်မှု စစ်သတင်းတွေ ဆက်လက်တင်ပြနိုင်ဖို့ စီစဥ္ပါ့မယ်
ဒီပုံစံအတိုင်းဆိုရင် D Day နဲ့ H Hour ဟာ ထင်ထားတာထက် စောနေပါရောလား မိမိတပ်ရင်း တပ်ဖွဲ့များရဲ့ စစ်အင်္ဂါ စဥ်များကိုတော့ လဝ မို့မဖေါ်ပြနိုင်တာ နားလည်ပေးပါခင်ဗျာ
အားလုံးကို လေးစားရိုသေစွာဖြင့်
ရဲသုံးဖေါ်
၂၀၂၅ ဖေ ၂၅ ၂၀၀၀
February 25, 2025 342