R-e-b-e-l-l-i-o-u-s (2-0-2-4)
M*in*a ဆိုတဲ့ မင်းသမီးလေးတစ်ပါးဟာ ဆတ်ဆတ်ကြဲမဟုတ်မခံသူလေးဖြစ်ပါတယ် မင်းသမီးလေးဟာ အရွယ်ရောက်လို့ ကြင်ယာတော်နဲ့လက်ဆက်ဖို့အချိန်ကျရောက်လာတဲ့အခါမှာတော့ ခမည်းတော်ဘုရင်ကြီးဟာ နေရာချထာားပေးဖို့ စီစဉ်ခဲ့ပါတယ်…တစ်ချိန်တည်းမှာပဲလက်မထပ်ရသေးသူ မင်းသမီးများကို လုယူဖမ်းဆီးခေါ်ဆောင်လေ့ရှိသော မှော်ဆရာကြီး K*ez*ab*or ပုံပြင်ဟာလည်း
နာမည်ကြီးလို့နေပါတယ် မှော်ဆရာကြီး K*ez*ab*or ဟာ သတို့သမီးတွေကို
ဖမ်းယူကာ ၎င်းရဲ့ရဲတိုက်ကြီးဆီ ခေါ်ဆောင်သွားလေ့ရှိပြီး သူနဲ့အတူ
နေထိုင်ဖို့ကို အတင်းဖိအားပေးသူဖြစ်ပါတယ်…ကမ္ဘာအရပ်ရပ် သတို့သမီးပေါင်းများစွာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော်လည်းပြန်လွတ်လာသူမရှိ၊ ကယ်တင်ဖို့ သွားရောက်ကြသူ စစ်သည်တော်ရဲမက်များလည်း K*ez*ab*or ၏ရဲတိုက်ဆီသို့ရောက်အောင်မသွားနိုင်ကြဘဲရဲတိုက်သို့ဝင်ရောက်ရာ တောင်ကြားလမ်းဝတွင်သာ ဘဝဆုံးကြရပါတယ်..ထိုသို့သော အဖြစ်အပျက်ဟာ အသစ်စက်စက်သတို့သမီးလေး M*in*aအပေါ်ကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာရာ လက်ထပ်ပွဲပျက်စီးသွားပြီး ဝင်ရောက်အရွေးခံသူ ကြင်ယာတော်လောင်းလျာများအဖို့ ဒုတိယအခွင့်အရေးထပ်မံရရှိခဲ့ပြန်ပါတယ်…
#Credit















