ကိုယ်ပိုင်ကျောင်းက မူလတန်းပြဆရာမနှစ်ယောက်ဟာ ကျောင်းပိတ်ရက်မှာ တတိယတန်းနဲ့ စတုတ္ထတန်းက ကျောင်းသူ ကျောင်း သားတွေခေါ်ပြီး တိရစ္ဆာန်ရုံကို လေ့လာရေးထွက်ကြတယ်။ တိရစ္ဆာန်ရုံထဲ လျောက်ကြည့်ရင်း ကလေးတွေ ရှူရှူးပေါက်ချင်တယ်ပြောလို့ နီးရာ အများသုံးအိမ်သာကို ပို့ပေးကြတယ်။
ဆရာမတစ်ယောက်က ကျောင်းသူတွေကို အမျိုးသမီးအိမ်သာခန်းထဲ လိုက်ပို့ပေးတယ်၊ ကျောင်းသားလေးတွေက ယောကျ်ားအိမ်သာ ဆီးခွက်တွေနဲ့ မမီလို့ ဆရာမတစ်ယောက်က လိုက်ဝင်ပြီး တစ်ယောက်ပြီးတစ်ယောက် ရှူရှူးတည်ပေးတယ်၊ မပေကျံအောင် ခါယမ်းပြီး တစ်ရှူးနဲ့ သုတ်ပေးတယ်။ တစ်ယောက်ကို ရှူရှူးတည်ပေးပြီး တစ်ရှူးနဲ့သုတ်ပေးရင်း မေးလိုက်တယ်…
”မင်းက အရွယ်နဲ့ မလိုက်ဘူး၊ ဘယ်အတန်းကလဲ၊ ၃ တန်းလား၊ ၄ တန်းလား”
”မဟုတ်ဘူး ဆရာမ၊ ကျနော်က မျောက်အိမ်အစောင့်ဝန်ထမ်းပါ
ခင်မျ၊ ကျေးဇူးတင်ပါတယ် ဆရာမ”…👺

3
2