သို့
အမေ
သမီး ခိုးရာလိုက်သွားပါပြီ။
သမီးကို မိဘတွေ ပြုစုနေရမှာ အားနာလာလို့ ပါ။
အမေတို့ ဆင်ပေးထားတဲ့ လက်စွပ် ဆွဲကြှိုး လက်ကောက် တွေကို မယူချင်လို့
အိတ်နဲ့ထည့်ပြီး သမီးမှန်တင်ခုံပေါ်မှာ တင်ထားပြီးမှ သမီးတို့ စားဝတ်နေရေး
အဆင်မပြေရင် အမေတို့ပဲ့ စိတ်ဆင်းရဲမှာ စိုးလို့ အကုန်ယူသွားပါပြီ။
ATM card လေးလည်း ယူသွားတယ် အမေ။
သိတယ် မဟုတ်လား။
လမ်းခရီးမှာ ငွေကိုင်တာ အန္တာရယ် များတယ်လေ။
အသက်ကို ဥာဏ်စောင့် လို့ အမေတို့ သင်ပေးခဲ့တာ သမီး မမေ့ဘူး။
သမီး ချစ်သူကလည်း ရိုးရိုးသားသား ပါ။
စိတ်မပူပါနဲ့။
ယောင်္ကျားလေး ဆိုတော့လည်း နည်းနည်းပါးပါးတော့ သောက်တတ်စားတတ် တာပေါ့နော အားကစားလည်း
သူ ဝါသနာပါလို့ ဘောလုံးပွဲလည်း
လောင်းတယ်လေ။
မကောင်းတဲ့ မိန်းမတွေနဲ့လည်း သူ မရှုပ်ဘူးတဲ့။
ကောင်းတဲ့ မိန်းမတွေနဲ့ပဲ့ ရှုပ်တာတဲ့။
ဘာပဲ့ဖြစ်ဖြစ် သမီး ကို သူ ချစ်သလို သမီးကလည်း သူ့ကိုချစ်တယ်။
သူက ကြင်နာတတ်ပါတယ်။
ဂရုလည်းစိုက်တယ်။
ဟိုနေ့ကဆို သမီး ပါးမှာ ခြင်တစ်ကောင်နားနေလို့ သမီးကို ခြင်ကိုက်မှာ
စိုးလို့ သူ ဖျန်းကနဲရိုက်ပလိုက်တာ သွားတစ်ချောင်း
ကျွတ်သွားတယ်။
မိဘဆိုတာ သားသမီးကို စိတ်ဆိုးလည်း ခဏ တဲ့။
ရွာဦးကျောင်းဆရာ တော် ရှင်ပညာသာမိ ပြောဖူးတယ်။
မြေးမျက်နှာ မြင်ရင် အရည်ပျော်ရော တဲ့။
ဒါကြောင့်လည်း အမေတို့ မြေးချီနိုင်အောင် သမီးတို့ ကြိုးစားပါမယ်။
အမေတို့ ဒီစာကို ဖတ်နေချိန်မှာ သမီးက လေယာဉ်ကြီး စီးပြီး ဟိုး အဝေး ကို သွားနေပြီ မထင်လိုက်ပါနဲ့။
သမီး အခု စီးနေတာ နွားလှည်း ပါ။
ကျေးလက် သဘာဝ ကို သမီး ချစ်တယ်လေ။
ပကာသန မမက်ပါဘူး။
တစ်နေ့ကျ သမီး ပြန်လာခဲ့ပါမယ်။
သူနဲ့ကွဲရင်ပေါ့။
အမေတို့ အပျင်းပြေဖို့ သားသား မီးမီးလေးတွေ လက်ဆောင်ယူခဲ့ပါ့မယ် စင့် 😁
သမီးမိုက် ။

53
3
1August 24, 2026 1.6K 31