“ဟာ… ပိုက်ဆံနည်းနည်းနဲ့ အမြတ်အများကြီးရှာလို့ရတာပေါ့” ဆိုတာမျိုးပါ 😅
ဟုတ်တယ်
အမြတ်ပိုရနိုင်တယ်
ဒါပေမယ့် အဲ့ဒီလိုပဲ
ရှုံးတဲ့အချိန်လည်း ပိုမြန်မြန်ရှုံးနိုင်တယ်
တခါတလေ ကိုယ်ဝယ်ထားတဲ့ Coin က တကယ်ပြန်တက်သွားတာတောင်
ရှေ့ဦးစွာကိုယ်က Liquidate ဖြစ်ပြီးမှ ဈေးတက်တာမျိုးဖြစ်နိုင်တယ်
ဒီနည်းလမ်းကို Leverage သုံးပြီး Trading လုပ်ခြင်း လို့ခေါ်တယ်
💰 Leverage ဆိုတာကို ရိုးရိုးလေးပြောရရင်
မိတ်ဆွေမှာ $100 ရှိတယ်ဆိုပါစို့
Spot မှာဆို $100 ရှိရင် $100 ဖိုးပဲဝယ်လို့ရတယ်
ဒါပေမယ့် Futures မှာ
10× Leverage သုံးလိုက်ရင်
$100 နဲ့ $1,000 Position ဖွင့်လို့ရသွားတယ်
20× ဆို $100 နဲ့ $2,000
100× ဆို $100 နဲ့ $10,000 Position ဖွင့်လို့ရတယ်
အမြတ်ရရင်လည်း $10,000 ဖိုးအမြတ်ရတယ်။
ဘယ်လိုလဲ.... စိတ်ဝင်စားသွားပြီမလား? 😂
ဒါပေမယ့် ပြဿနာက ဒီနေရာကနေစတာပဲ
📈 ကိုယ်က $100 ကို 10× Leverage သုံးပြီး $1,000 Position ဖွင့်ရင်
Market က ကိုယ့်ဘက်ကို +5% သွားရင်
Position ပေါ်မှာ $50 အမြတ်ဖြစ်နိုင်တယ်
ကိုယ်ထည့်ထားတာ $100 ဆိုတော့
+50% Return ဖြစ်သွားနိုင်တယ်
ဒါကြောင့်ပဲ လူတွေ Leverage ကို စွဲသွားကြတယ်
“ဟာ… $100 နဲ့ $50 မြတ်တာလား?” ဆိုပြီး
နောက်တစ်ခါ 20×
ပြီးတော့ 50×
နောက်ဆုံး 100× သွားကြတယ် 😅
☠️ ဒါပေမယ့် Coin က ကိုယ်ထင်သလိုမတက်ဘဲ
နည်းနည်းပဲ ဆန့်ကျင်ဘက်ရွေ့သွားရင်ရော...?

