Telegram ကြီး ဒီနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ တကမ္ဘာလုံး… — ZOE (ဇိုအီ) Crypto Free️ — TG.ME

🚨🚨🚨Telegram ကြီး ဒီနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ တကမ္ဘာလုံး အကြီးအကျယ် ပြတ်တောက် Outage ဖြစ် နေတယ်လို့ singapore သတင်းတွေရဲ့ ထိပ်တန်းကိုရောက်နေတယ်

အဲ့လို ပြတ်တောက်မှုတွေဖြစ်တော့ မနက်မိုးလင်းတာနဲ့ မှောင်လို့မရမှာကို စိတ်ပူနေတဲ့ innocent တွေလည်း ဟိုတစ ဒီတစ အများကြီးထွက်လာခဲ့တယ်

အခု အာဆီယံ ဒေသတွင်း အပါအဝင် နိုင်ငံအတော်များများမှာ သုံးမရဖြစ်နေတာပါ။ အွန်လိုင်း အခြေအနေ စောင့်ကြည့်တဲ့ Downdetector အရ ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ ပြဿနာတက်ကြောင်း တိုင်ကြားချက်တွေ ထောင်နဲ့ချီပြီး ဒုန်းခနဲ ဆောင့်တက်သွားခဲ့တယ်

အဲဒီ ပြတ်တောက်မှုက အရှေ့တောင်အာရှ (ASEAN) ဘက်မှာ တော်တော်လေး သိသာနေတယ်။

ကျွန်တောတို့ရဲ့ အိမ်နီးချင်း စင်ကာပူနိုင်ငံမှာဆိုရင် သုံးစွဲသူ ၄,၀၀၀ နီးပါးလောက်အထိ သုံးမရဘူးလို့ တိုင်ကြားခဲ့ကြပြီး အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်

ဘေးပတ်ဝန်းကျင် နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေမှာပါ တစ်ပြိုင်နက်တည်း လိုင်းကျသွားခဲ့တာ။ ဒါ့အပြင် အိန္ဒိယနဲ့ အမေရိကန်ဘက်က သုံးစွဲသူတွေပါ ဒီကိစ္စကို အစီရင်ခံထားကြတယ်

ဘာကြောင့် ဒီလို ပြတ်တော်သွားလဲဆိုတာကို ထပ်ရှာကြည့်တော့

👉 အပြည့်အစုံကို Facebook https://www.facebook.com/share/p/1ERxkdRagn/?mibextid=wwXIfr မှာ ဆက်ဖတ်လို့ရပါတယ်
👍4😁4🤣4❤1
September 8, 2026 735 2