ဖိလစ်ပိုင်မှာ Payment Gateway တွေ တစ်နှစ်ကြာ Freeze လုပ်ခံလိုက်ရပြီ!… — ZOE (ဇိုအီ) Crypto Free️ — TG.ME

🚨 ဖိလစ်ပိုင်မှာ Payment Gateway တွေ တစ်နှစ်ကြာ Freeze လုပ်ခံလိုက်ရပြီ! Crypto လောကအတွက် Fiat ငွေဝင်ငွေထွက် လမ်းကြောင်းတွေ အတော်လေး ကြန့်ကြာ ပိတ်ဆို့သွားနိုင်ပါတယ်။

📜 ဒီကနေ့မှစပြီး ဖိလစ်ပိုင် ဗဟိုဘဏ် (BSP) က နိုင်ငံအတွင်း Payment System Operator (OPS) လိုင်စင်အသစ် လျှောက်ထားမှုတွေကို 12 လကြာ ရပ်ဆိုင်း မယ်ဆိုတဲ့ ဥပဒေမူကြမ်းကို ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် Virtual Asset Service Providers (VASPs) လို့ခေါ်တဲ့ Crypto လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ငွေပေးချေမှုစနစ်တွေကိုပါ အထူးစစ်ဆေး တင်းကြပ်လိုက်တာပါ။

⚖️ တချို့မသိသေးတဲ့သူတွေအတွက် BSP ဘက်က အခုလို လိုင်စင်ပေးတာ ခေတ္တပိတ်လိုက်ရတဲ့ အဓိကအကြောင်းရင်းကတော့ Digital Payment လမ်းကြောင်းတွေကနေတစ်ဆင့် လိမ်လည်မှုနဲ့ ငွေခဝါချမှု (Money Laundering) တွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ Crypto လုပ်ငန်းတွေအနေနဲ့ ကြားခံ Agent တွေသုံးပြီး ငွေလွှဲတာမျိုး မရတော့ဘဲ ဘဏ်တွေနဲ့ တိုက်ရိုက် စာချုပ် ချုပ်ဆိုရမှာဖြစ်သလို Transaction Limit တွေကိုပါ တင်းကြပ်ခံရတော့မှာပါ။

သတင်းအပြည့်အစုံကို
https://www.facebook.com/share/p/1DZyrQS987/ မှာ ဖတ်လို့ ရပါတယ်။
👍4❤1
September 8, 2026 663