FUN FACT: လွန်ခဲ့တဲ့ ၁၅ နှစ်က Bitcoin ရဲ့ တန်ဖိုးက တစ်ခုကို $8 ပဲ… — ZOE (ဇိုအီ) Crypto Free️ — TG.ME

🌎 FUN FACT: လွန်ခဲ့တဲ့ ၁၅ နှစ်က Bitcoin ရဲ့ တန်ဖိုးက တစ်ခုကို $8 ပဲ ရှိခဲ့တယ်။ အဲ့အချိန်ကသာ ဝယ်ခဲ့ရင် အခုချိန် နတ်သမီး တစ်ဖက်ငါးရာနဲ့ ပွကြီးဖြစ်နေလောက်ပြီး ⚡️

↗️ သေချာပြန်တွေးကြည့်လိုက်ရင်... အဲ့ဒီအချိန်ကတော့ အများစု သောက်ပေါပါကွာ ဆိုပြီး အဖတ်တောင်မလုပ်ကြဘူး။ အခုတော့ အဲ့ဒီ Bitcoin က ကမ္ဘာ့အသုံးအများဆုံး
ပိုက်ဆိုင်မှု Asset တစ်ခုအဖြစ် အခိုင်မာ ရပ်တည်နေပြီ

⚖️ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက $8 တည်းကနေ စတင်ခဲ့တဲ့ ခရီးလမ်းကို ပြန်ကြည့်ရင်... သမားရိုးကျ ဘဏ္ဍာရေးစနစ်ကြီးနဲ့ Fiat ငွေကြေးတွေအပေါ် အများစုရဲ့ အမြင်တွေ ဘယ်လောက်အထိ ပြောင်းလဲလာခဲ့ပြီလဲဆိုတာ ထင်ရှားပါတယ်။ အစိုးရတွေ ငွေစက္ကူ ပုံနှိပ်ထုတ်လုပ်မှုတွေ များလာလေလေ၊ သာမန်ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းတန်ဖိုး (Purchasing Power) ကလည်း တဖြည်းဖြည်း ကျဆင်းလာလေလေပါ

🇲🇲ဒါပေမယ့်လည်း နောက်တမရပါနဲ့။ မြန်မာမှာ ဖုန်းကောင်းကောင်းသုံးတဲ့အချိန်က 2013/2014 ဝန်းကျင်ပါ။ အဲ့အချိန်လောက် ဝယ်မယ်ဆိုရင်တောင် အခုပြန်ရောင်းရင် မြတ်နေပြီ။

🛡 စကားပြန်ဆက်ရရင် ဒါက ဘယ်အစိုးရကမှ စိတ်ကြိုက် ထပ်ထုတ်လို့မရတဲ့ အကန့်အသတ်နဲ့ရှိနေတဲ့ Bitcoin ပါ။ Crypto က ကမ္ဘာ့မှာ အရင်းအနှီးတွေ အမြန်ဆုံး ပြောင်းရွှေ့လာကြတဲ့ ပိုင်ဆိုင်မှုပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်က အခွင့်အလမ်းကို လွှတ်ချခဲ့ရပေမဲ့ ယနေ့ခေတ် အခွင့်အလမ်းတွေကိုတော့ လက်လွတ်မခံဖို့ လိုပါတယ်

👇 မိတ်ဆွေတို့ရော... လွန်ခဲ့တဲ့ ၁၅ နှစ်က $8 ပဲရှိတဲ့ Bitcoin ကို ကြည့်ပြီး အခုချိန်မှာ Crypto အပေါ် ဘယ်လို မြင်ကြလဲ? တကယ်လို့ အဲ့ဒီအချိန်ကို ပြန်သွားခွင့်ရရင် Bitcoin ဘယ်လောက် ဝယ်ထားဖြစ်မလဲ? ဝယ်ပြီးရင်ရော အခုချိန် နတ်သမီးတစ်ဖက်ငါးရာနဲ့ ဖြစ်နေမယ်လို့ထင်လား ဆိုတာ အောက်က Comment မှာ ဆွေးနွေးပေးပါဦး 💬
❤5
September 5, 2026 686 1