အားလုံးကို စိတ်မကောင်းစွာနဲ့ ဂျယ်ရိုးဂျစ်တို့ကို ကြေငြာစရာရှိပါတယ်။… — 🧈˚₊‧꒰ა 𝒁𝑩𝟏 𝒟𝒶𝒾𝓁𝓎 𝒟𝒾𝒶𝓇𝓎 ໒꒱ ‧₊˚☕️ — TG.ME

အားလုံးကို စိတ်မကောင်းစွာနဲ့ ဂျယ်ရိုးဂျစ်တို့ကို ကြေငြာစရာရှိပါတယ်။ BoysPlanet 1 final ညကစပြီး ဒီချန်နယ်လေးကို created လုပ်ခဲ့တာအခုဆို 3 နှစ်တောင်ရှိသွားခဲ့ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှ ဆုံးဖြတ်ချက်ကိုကြေငြာလိုက်ရတာအတွက်လည်းတောင်းပန်ပါတယ်။ အခု ချန်နယ်လေးကို ZB1 OT9 ကနေ OT5 ဖြစ်သွားခဲ့တဲ့အထိ ချန်နယ်လေးကို အားပေးနေကြတဲ့ ဂျယ်ရိုးဂျစ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ အရှေ့ပိုင်းတွေကစလို့ အက်မင်တို့ရဲ့ချန်နယ်မှာ အက်မင် ၄ ယောက်ရှိရာကနေ ၂ ယောက်နဲ့ အခု Owner အပါအ၀င် ချန်နယ်ကို မရန်းနိုင်နေတာ ကြာနေခဲ့ပါပြီ။ အက်မင်အသစ် ညီမလေးက မအားတဲ့ကြားကနေ ရန်းပေးနေတာပါ။ ခဏ"ကတိတွေပေးပြီး သေချာရန်းပေးပါမယ်ပြောပြီး မတည်နိုင်ခဲ့လို့ အားလုံးကိုစိတ်ရင်းနဲ့တောင်းပန်ပါတယ်။ ဒါကြောင့် ကိုယ်မနိုင်ဘဲ ပဲကြီးဟင်းလည်းမစားချင်တော့တာကြောင့် ချန်နယ်ကို ဒီနေ့ ဒီအချိန်မှာ ရပ်နားလိုက်ကြောင်း အသိပေးချင်တာပါ။ အကြောင်းကိစ္စကတော့ ထွေ"ထူး"ဆိုတာထက် ပုံမှန်လုပ်နေကျ အလုပ်တွေထက် ပိုများလာတာရယ် exam တွေလည်းခဏ"လာနေတာနဲ့ ပြင်ဆင်ရတာတွေကြောင့် အများကြီးတွေးပြီး ဒီဆုံးဖြတ်ချက်ကိုချခဲ့တာပါ။

April 20, 2026 188 2