DEMUရထားတွဲသစ်ဖြင့် ရန်ကုန်-ပဲခူးစမ်းသပ်စီးနင်းကြည့်ခြင်း ၅… — Yangon Post — TG.ME

DEMUရထားတွဲသစ်ဖြင့် ရန်ကုန်-ပဲခူးစမ်းသပ်စီးနင်းကြည့်ခြင်း

၅ အောက်တိုဘာ ၂၀၂၄

ရန်ကုန်-ပဲခူး လမ်းပိုင်း အစုန်-အဆန်ခရီးစဉ်ကို စပိန်နိုင်ငံကနေ ဝယ်ယူထားတဲ့ လူစီးရထားတွဲ (Diesel Electric Multiple Units) အသစ်နဲ့ အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။

ရန်ကုန်-ပဲခူး ခရီးစဉ်အတွက် ရန်ကုန်ကနေ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ပြီး ပဲခူးကို ၆ နာရီ ၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။

ပဲခူး-ရန်ကုန် ခရီးစဉ်အတွက်တော့ ပဲခူးမြို့က မနက် ၆ နာရီထွက်ပြီး ရန်ကုန်ကို ၈ နာရီ ၂၀ မိနစ်မှာ ဆိုက်ရောက်မှာပါ။

ခရီးစဉ်အတွင်း ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်ကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝနဲ့ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာမှာ ရပ်မှာဖြစ်ပါတယ်။

ရထားစီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိပြီး လေအိတ်ကားတွေ EV ကားတွေစီးရသလိုပဲလို့ ရထားစီးနင်းလိုက်ပါလာတဲ့ တွေက ပြောကြပါတယ်။

https://www.youtube.com/watch?v=TcuDMaEGtsQ
👍1
October 5, 2024 1.1K