မစ္ဆရိယ🙏🙏 "အဂ္ဃတော လာဘာဒီနံ မစ္ဆရဘာဝေါ မစ္ဆရိယံ။" ☸️မိမိရရှိထားသော… — ပါချုပ်ဆရာတော်ဘုရား၏တရားတော်များ (main channel) — TG.ME

🙏🙏မစ္ဆရိယ🙏🙏 "အဂ္ဃတော လာဘာဒီနံ မစ္ဆရဘာဝေါ မစ္ဆရိယံ။" ☸️မိမိရရှိထားသော ပစ္စည်းဥစ္စာ လာဘ်လာဘစသည်တို့ကို သူတစ်ပါးတို့နှင့် မမျှဝေလိုဘဲ လျှို့ဝှက်ခြင်း၊ နှမြောဝန်တိုခြင်း သဘောသည် မစ္ဆရိယ မည်၏။ (အဘိဓမ္မာဝိဘင်းအဋ္ဌကထာ) ━━━━━━━━━━━━━━━━━━ မစ္ဆရိယ ၅ မျိုး ၁။ အာဝါသ မစ္ဆရိယ➡️ နေရာထိုင်ခင်း ကျောင်းဇရပ်ကို နှမြောဝန်တိုခြင်း။ ၂။ ကုလ မစ္ဆရိယ ➡️ အလုပ်ကျွေးပြုစုသူ ဒကာ ဒကာမ (သို့မဟုတ်) မိမိအနွယ်ကို နှမြောဝန်တိုခြင်း။ ၃။ လာဘ မစ္ဆရိယ ➡️ ရရှိသော ပစ္စည်းဥစ္စာ လာဘ်သပ္ပကာကို နှမြောဝန်တိုခြင်း။ ၄။ ဝဏ္ဏ မစ္ဆရိယ ➡️ မိမိ၏ ရုပ်အဆင်းနှင့် ကျော်စောသတင်း ဂုဏ်ပုဒ်ကို နှမြောဝန်တိုခြင်း။ ၅။ ဓမ္မ မစ္ဆရိယ ➡️ မိမိသိရှိသော စာပေကျမ်းဂန် တရားဓမ္မနှင့် ပညာရပ်ကို နှမြောဝန်တိုခြင်း။ ကျမ်းကိုး 🙏အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ မစ္ဆရိယသုတ္တ။ 🙏သတိသမ္ပဇညဖြင့်နေထိုင်ခြင်းနှင့်ရင်ထဲမှအမုန်းတရားဖယ်ရှားခြင်းတရားတော်မှ ထုတ်နုတ်ပါသည်။ ☸☸☸☸☸☸☸☸☸☸☸

🙏158❤122🥰4🤝2
June 10, 2026 77.2K 64