ခေါင်းစဉ် - 🙏အများကြိုက်တဲ့အမှားစရိုက်များ ကြာချိန် - ၅၆ မိနစ်၊ ၂၆ စက္ကန့် ━━━━━━━━━━━━━━━━━━ လောကီလူသားတို့သည် မိမိတို့ ကြိုက်နှစ်သက်ရာ အာရုံများနောက်သို့ လိုက်ပါရင်း လူအများကြိုက်နှစ်သက်သည့် စရိုက်အမှားများကို အမှန်ထင်ကာ အကုသိုလ်ဒုစရိုက်များကို သတိမဲ့စွာ ပြုလုပ်မိတတ်ကြပုံကို သံဝေဂရဖွယ် သိရှိနာယူရပါမည်။🙏 🙏ဤတရားတော်တွင် ➡️အရသာရှိသော်လည်း အသက်ကိုအန္တရာယ်ပြုမည့် အဆိပ်ခတ်ထား သောဖျော်ရည်ကဲ့သို့ပင်၊ ပြုလုပ်စဉ် ခဏတာ ပျော်ပါးရသော်လည်း သံသရာတစ်လျှောက် ဆင်းရဲဒုက္ခကြီးစွာ ပေးတတ်သော ဒုစရိုက်တရားများကို ခွဲခြားသိမြင်တတ်စေရန် ➡️ မိမိစိတ်ကို ကောင်းမှုကုသိုလ်ပြုလုပ်ရန် စိတ်ကူးရရချင်း အချိန်မဆွဲဘဲ ချက်ချင်းလက်ငင်း ဆောင်ရွက်သင့်ပုံ ➡️သတ္တဝါတို့အပေါ် မေတ္တာထားခြင်းဖြင့် မိမိတို့၏ ဘဝအဆုံးသတ်ကို မည်သို့အေးချမ်းစွာ ဖြတ်သန်းရမည်ဆိုသည့် လက်တွေ့အသုံးချနည်းလမ်းကောင်းများကို သိရှိနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ ပြန်လည်မျှဝေအပ်ပါသည်။ ☸️☸️☸️☸️☸️☸️☸️☸️☸️☸️
233
164
5
2