Shambhala 𓅓: post #4674 — TG.ME

🌍 ကမ္ဘာပျက်ဖို့ 85 စက္ကန့်ပဲ ကျန်တော့တယ်ဆိုရင် သင်ဘယ်လိုလုပ်မလဲ။ 💥
(Doomsdayclock)


🌍ည ၁၂ နာရီ သန်းခေါင်ယံအချိန် ရောက်သွားတာနဲ့ ကမ္ဘာကြီး လုံးဝပျက်စီးသွားမယ်လို့ သတ်မှတ်ထားတဲ့ နာရီတစ်လုံး ရှိပါတယ်။ အဲဒါကတော့ Doomsday Clock (ကမ္ဘာပျက်ကိန်း နာရီ) ပါပဲရှင့်။ 🌑💥

​ဒါပေမဲ့ ဒါဟာ တကယ့်လက်တွေ့ အချိန်ကို ရေတွက်နေတာမဟုတ်ဘဲ လူသားတွေ ကမ္ဘာပျက်ဖို့ ဘယ်လောက်အန္တရာယ်နီးနေပြီလဲဆိုတာကို ပြသထားတဲ့ သတိပေး သင်္ကေတနာရီ တစ်လုံးဖြစ်ပါတယ်။

⚛️ ​ဒီနာရီကို ဘယ်သူတွေ လုပ်ခဲ့တာလဲ? 👥


🎬 ​ဒါဟာ သိပ္ပံရုပ်ရှင်တွေထဲက နာရီမဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ်မှာ Manhattan Project (အနုမြူဗုံး စီမံကိန်း) မှာ ပါဝင်ခဲ့တဲ့ ဂျူလိုင်အိုပန်ဟိုင်းမား (Oppenheimer) အပါအဝင် ထိပ်တန်းသိပ္ပံပညာရှင်တွေနဲ့ Bulletin of the Atomic Scientists အဖွဲ့က စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ 🔬💣⚡️

​သန်းခေါင်ယံ (၁၂ နာရီ) ဆိုတာ ဘာလဲ? 🕛 ⚠️


🌪️ ဒီနာရီမှာ ည ၁၂ နာရီ (Midnight) ရောက်သွားတာနဲ့ လူသားတွေ ရာသီဥတုဆိုးရွားမှု၊ နျူကလီးယားစစ်ပွဲ ဒါမှမဟုတ် နည်းပညာဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် လုံးဝပျက်စီးသွားမယ့် အခြေအနေကို ကိုယ်စားပြုပါတယ်။ 💥 🤖 🌍

​နာရီလက်တံကို ဘယ်အရာတွေက ရွေ့လျားစေတာလဲ? ⚙️


⚛️ နျူကလီးယား စစ်ပွဲခြိမ်းခြောက်မှုများ 💥

🌍 ကမ္ဘာ့ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှု (Climate Change) 🌊

🤖 ထိန်းချုပ်ရခက်လာသော AI နည်းပညာနှင့် ဇီဝအန္တရာယ်များ ☣️

​လက်ရှိ အခြေအနေ 📊🚨


၁၉၄၇ ခုနှစ်က နာရီစတင်ချိန်မှာ သန်းခေါင်ယံ​ရောက်ဖို့ ၇ မိနစ် အလိုမှာ ရှိခဲ့ပေမဲ့၊ လက်ရှိ ကမ္ဘာ့ရေးရာ တင်းမာမှုတွေကြောင့် သန်းခေါင်ယံရောက် ဖို့ စက္ကန့်ပိုင်း (85 စက္ကန့်) အလိုအထိ စံချိန်တင် နီးကပ်နေပါပြီ။​ 💣 ⚠️

ဒါဟာ လူသားသမိုင်းမှာ ကမ္ဘာပျက်ကိန်းနဲ့ အနီးကပ်ဆုံးနဲ့ အန္တရာယ်အရှိဆုံး အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။⚡️🌋

​တကယ်လို့သာ ဒီနာရီရဲ့ သန်းခေါင်ယံအလို 85 စက္ကန့်ဆိုတာ တကယ့်အချိန်အဖြစ် ပြောင်းလဲသွားခဲ့ရင်ရော... သင် ဘာလုပ်မလဲ? Comment မှာ မျှဝေခဲ့ကြပါဦး​နော်! 💬👇

#Moe
#Science_Facts
#Global_Threats
❤1
August 15, 2026 60