ယနေ့ခေတ်မှာ နည်းပညာတိုးတက်လာမှုနဲ့အတူ Finance & Accounting နယ်ပယ်ရှိ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ လက်မလွတ်စေရန်အတွက် Accountant များအနေဖြင့် Software တစ်ခုခုကို မဖြစ်မနေ ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်..... မည်သည့် Accounting Software မဆို Accounting သဘောတရားများကိုပဲ အခြေခံပြီး ရေးဆွဲထားတာ ဖြစ်တာကြောင့် Accounting Software တစ်ခုခုကို တတ်မြောက်ထားမယ်ဆိုပါက အခြားမည်သည့် Accounting Software ကိုမဆို အချိန်အနည်းငယ်ပေးရုံဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်….. ဒါကြောင့် စာရင်းနယ်ပယ်မှာ ပိုမိုမြင့်မားတဲ့ အလုပ်အကိုင်ကောင်းတွေ ရရှိနိုင်စေဖို့အတွက် Software အသုံးပြုပုံကို အခြေခံမှစ၍ Report Level အထိ ကျွမ်းကျင်စွာအသုံးပြုနိုင်အောင် SQL ERP Accounting Software သင်တန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ…. SQL ERP Accounting Software ကို မိတ်ဆက်ရရင် Readymade Accounting Software ဖြစ်ပြီး Malaysia နိုင်ငံ SQL Technologies Sdn Bhd မှ ရေးဆွဲထားတဲ့ Software ဖြစ်ပါတယ်….. Readymade Software ဖြစ်တာကြောင့် Trading, Service, Manufacturing စသဖြင့် လုပ်ငန်းပေါင်းစုံ အသုံးပြုနိုင်အောင် ရေးဆွဲထားတာဖြစ်ပြီး Multi-Currency လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်….. လုပ်ငန်းခွဲတွေအတွက်လည်း Project, Sub Project စသဖြင့် ခွဲခြား အသုံးပြုနိုင်သကဲ့သို့ Report များကိုလည်း Project, Area, Agent စသဖြင့် အသေးစိတ် ခွဲခြား ကြည့်နိုင်အောင် ရေးဆွဲထားတဲ့ Software ဖြစ်ပါတယ်….. ဒါကြောင့် SQL ERP Accounting Software ကို လုပ်ငန်းမရွေး အသုံးပြုနိုင်တာကြောင့် လေ့လာသင်ယူမည့် သူတွေအတွက်လည်း အကျိုးရှိမှာဖြစ်ပါတယ်…. သင်ကြားတဲ့ အခါမှာလည်း လေ့လာသင်ယူမည့်သူတွေ အနေနဲ့ Software ကို Master Data Set Up ကနေ Reporting အထိ အသုံးပြုနိုင်အောင် သင်ကြားပေးမှာ ဖြစ်လို့ တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်.... - - - - - - - - - - SQL ERP Accounting Software ကို အောက်ပါအတိုင်း အပိုင်းအလိုက် သင်ကြားပေးသွားမှာ ဖြစ်ပြီး ပါဝင်မည့် ခေါင်းစဉ် အသေးစိတ်ကိုလည်း ပုံများမှာ လေ့လာနိုင်ပါတယ် • Software Set Up • Master Data Set Up & Initial Preparation • General Ledger • Purchase & Supplier • Sales & Customer • Stock & Production • Assets 🎯 သင်တန်းတက်ရောက်ရန် သင့်တော်သူများ ➢ စာရင်းအခြေခံရှိပြီး Final Report အထိ စာရင်းဆွဲဖို့ အခက်အခဲဖြစ်နေသူများ ➢ လက်ရှိတွင် Excel အသုံးပြုပြီး စာရင်းတွေလုပ်ဆောင်နေရပေမယ့် Software အတွေ့အကြုံ မရှိသေးသူများ ➢ SQL ERP Accounting Software အခြေခံရှိသော်လည်း Master Data Set-up မှ Reporting အထိ အတွေ့အကြုံ မရှိသေးသူများ ➢ SQL ERP Accounting Software ကို အခြေခံမှစပြီး သင်ကြားပေးမှာဖြစ်လို့ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ မရှိသေးသော်လည်း စာရင်းနဲ့ပတ်သက်ပြီး စာရင်းကိုင်သင်တန်း LCCI ပီးထားသူများ၊ စာရင်းအကြောင်း နားလည်သူများလည်း တက်ရောက်နိုင်ပါတယ် 📢 တက်ရောက်သူများကို အမှန်တကယ် အကျိူးရှိစေချင်တာကြောင့် သင်တန်းတက်ရောက်သူများကို software အသုံးပြုပြီး case study များလည်း ပြုလုပ်ခိုင်းမှာဖြစ်လို့ လိုက်ပါပြုလုပ်နိုင်သူများကိုသာ သင်တန်း တက်ရောက်ဖို့ အကြံပြုပါစေ 📅 သင်တန်းကာလ - 2 လ 📅 သင်တန်းအချိန် - • Sunday (6:00-9:00)PM 📅 သင်တန်းစတင်မည့်ရက် - September (13) Sunday 💰 သင်တန်းကြေး -130,000 (အပြတ်) 📍 သင်ကြားမည့်ပုံစံ - သင်ကြားမည့်ပုံစံမှာ Online Live Class ဖြစ်တဲ့အတွက် ဆရာနှင့် သင်တန်းသား/သူများအကြား Discussion ပုံစံမျိုး မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ✅ Certificate - သင်တန်းပြီးဆုံးပါက Read Case Study ပုံစံဖြင့် Exam စစ်ဆေးပေးမည်ပြီး Exam အောင်မြင်မှသာ တတ်မြောက်ကြောင်း Certificate ကို ပေးအပ်သွားမှာ ဖြစ်ပါတယ် #accounting
ယနေ့ခေတ်မှာ နည်းပညာတိုးတက်လာမှုနဲ့အတူ Finance & Accounting နယ်ပယ်ရှိ… — WBM Accountancy Channel — TG.ME
August 23, 2026 2.6K 7