WAVE ဟာ အန်တီတို့လို ပင်စင်စားတွေအတွက် လွယ်ကူချောမွေ့စေပါတယ်” 💬👵✨… — Wave Money — TG.ME

“ WAVE ဟာ အန်တီတို့လို ပင်စင်စားတွေအတွက် လွယ်ကူချောမွေ့စေပါတယ်” 💬👵

အသက်အရွယ်အရ ဒူးမကောင်းတော့တာမို့လို့ မတ်တပ်ကြာကြာ မရပ်နိုင်ရှာတဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်ခင်စန်းကြည်ကတော့ အရင်ကဆို ပင်စင်လစာရဖို့ ဘဏ်မှာ နာရီပေါင်းများစွာ သွားရောက်တန်းစီ ထုတ်ယူခဲ့ရပါတယ် 🏦

WAVE နဲ့ ချိတ်ဆက်လိုက်ပြီး နောက်ပိုင်းမှာတော့ လကုန်တာနဲ့ WAVE အကောင့်ထဲကို ပင်စင်လစာက တန်းပြီး ဝင်လာခဲ့ပြီး နီးစပ်ရာ WAVE Agent ဆိုင်လေးမှာ အချိန်မရွေး သွားရောက်ထုတ်ယူလိုက်ရုံပါပဲ 📲💸

ဒါကြောင့်မို့လို့ ပင်စင်စား အန်တီ ဒေါ်ခင်စန်းကြည်ရဲ့ အတွေ့အကြုံ ဗီဒီယိုအပြည့်အစုံလေးကို ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🎥👇

WAVE ရဲ့ (၁၀) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် “နေ့ရက်တိုင်းမှာ WAVE” အစီအစဉ်ကနေ WAVE အသုံးပြုသူတွေ၊ အေးဂျင့်တွေ၊ မိတ်ဖက်တွေရဲ့ WAVE နဲ့အတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရနဲ့ အတွေ့အကြုံကောင်းတွေကို တင်ဆက်ပေးခဲ့ရာမှာ ခုဆိုရင် နောက်ဆုံးအထူးအပိုင်းလေးသို့ ရောက်ရှိလို့ လာခဲ့ပါပြီ 🥳🎉

ဒီအစီအစဉ်လေးကို အစအဆုံး ချစ်ခင်စွာ အားပေးခဲ့ကြသူများအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ် 💙
👍6❤3🍓1🖕1
August 13, 2026 1.8K 1