၁၉၈၀ ပြည့်လွန်နှစ်များက Hyderabad ရဲ့ “Paradise” ဆိုတဲ့ နေရာလေးမှာ အာဏာရှိသူတွေက နယ်မြေကို ထိန်းချုပ်ထားပြီး အောက်ခြေလူတန်းစားတွေဟာ အခွင့်အရေးနဲ့ ကိုယ်ပိုင်အမှတ်အသားမရှိဘဲ ဖိနှိပ်ခံနေရပါတယ်။
အဲ့ဒီလူတွေထဲမှာ Jadal ဆိုတဲ့ လူငယ်တစ်ယောက်ရှိပါတယ်။ သူဟာ အာဏာကြီးမားတဲ့ Malik မိသားစုကို ဆန့်ကျင်ရင်း ထောင်ကျသွားခဲ့ပေမယ့် သူ့ရင်ထဲမှာတော့ မတရားမှုကို လက်မခံနိုင်တဲ့ မီးတောက်တစ်ခုက ဆက်လက်လောင်ကျွမ်းနေပါတယ်။
ပိုပြီးရှုပ်ထွေးလာတာက Jadal နဲ့ သူ့မိခင် Sammakka တို့ကြားက ဆက်ဆံရေးပါ။ ဘာကြောင့် Jadal က သူ့မိခင်ကို နာကျည်းနေရတာလဲ? သူ့မိခင်ရဲ့ အတိတ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ?
တစ်ဖက်မှာတော့ Paradise ကို အုပ်ချုပ်ထားတဲ့ Malik မိသားစု နဲ့ Jadal တို့ကြား ပဋိပက္ခက တဖြည်းဖြည်း ပိုမိုပြင်းထန်လာပါတယ်။ ကိုယ့်လူမျိုးအတွက် အမှတ်အသားနဲ့ အသိအမှတ်ပြုခံရမှုကို ပြန်လည်ရယူဖို့ Jadal က ဘယ်လောက်အထိ ရက်စက်တဲ့လမ်းကို လျှောက်ရမလဲဆိုတာက ဇာတ်ကားရဲ့ အဓိကစိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
အမုန်း၊ မိခင်နဲ့သားကြားက ချည်နှောင်မှု၊ အာဏာနဲ့ ဖိနှိပ်မှုတွေကို အက်ရှင်အကြမ်းစားတွေနဲ့ ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုး ဖြစ်တာကြောင့် ဇာတ်လမ်းတစ်လျှောက် Jadal ရဲ့ အတိတ်နဲ့ လက်ရှိဘဝ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို စောင့်ကြည့်ရမှာပါ။
