ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ ကာဗင်ရာ့ဂ်ျနဲ့ နာယန်သရာတို့ရဲ့ အချိတ်အဆက်မိမိ
ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၆ ရုံတင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေအနေနဲ့လည်း
အတော်လေးပြန်ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ရည်းစားမရှိတော့ အိမ်ကပေးစားတဲ့လူနဲ့ ယူရမှာကြောက်ပြီး ချန်နိုင်းကိုထွက်ပြေးလာတဲ့ မာယေးလ်။
တစ်ဖက်မှာလည်း အိမ်ကပေးစားတဲ့လူနဲ့ မယူနိုင်လို့ ထွက်ပြေးလာတဲ့ ဒေဗာယာနီ။
၂ယောက်သား ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် ချန်နိုင်းမြို့ပေါ်မှာ ဆုံတွေ့သွားကြပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။
အနေကြာလာတော့ ဘဝတူချင်းမို့ အချင်းချင်းနားလည်လာတာနဲ့အမျှ ခံစားချက်ချင်းလည်း ရင်းနှီးလာကြတာပေါ့။
ဒါပေမဲ့ ၂ဖက်မိဘကသိသွားပြီး အတင်းလာခေါ်ဖို့ကြံရာမှာတော့ ၂ယောက်ပေါင်းပြီး
ဉာဏ်နီ ဉာဏ်နက်တွေ ထုတ်သုံးလာကြပါတော့တယ်။ အဲဒီဟန်ဆောင်ဇာတ်လမ်းက
ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အတူကြည့်လိုက်ရအောင်။

