အညွှန်း* 🔽🔽🔽
အခုတစ်ခါတော့ old but gold တွေထဲမှာ တစ်ကယ့်ကို epicကျတဲ့ Waterworld ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က ဒီကားလေးကို ကြည့်ရင်း ရုပ်ရှင်ကားတွေကို စိတ်ဝင်စားလာတယ်ဆိုလဲ မမှားပါဘူး။
ဇာတ်လမ်းအကျဉ်းလေးကတော့
အနာဂတ်ကာလဖြစ်တဲ့ ၂၅၀၀လောက်မှာ အချိန်ယူထားပါတယ်။
ရေခဲတောင်တွေလဲ အရည်ပျော်ပြီး ကမ္ဘာတစ်ခုလုံး ရေလွမ်းမ်ိုးခြင်းခံထားရပါပြီ ပင်လယ်ရေမျက်နှာပြင်ဟာ ပေပေါင်း ၂သောင်း၅ထောင်ထိ ရှိနေပါတယ် လူတွေဟာလဲ ရေပေါ်မှာပဲ ကိုယ်ပိုင်တဲ ကိုယ်ပိုင်လှေများနဲ့ စားသောက်နေထိုင်ရတဲ့ အချိန်ပါ။ ထူးထူးဆန်းဆန်း အသက်ငယ်ငယ်ကောင်မလေးတစ်ယောက်ရဲ့ ကျောမှာ တက်တူးတစ်ခုပါလာပါတယ်။
အဲ့တက်တူးကတော့ Dryland ဆိုတဲ့ ကမ္ဘာမြေကို သွားဖို့ မြေပုံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်နှစ်ပေါင်းများစွာ ရေနဲ့ပဲထိတွေ့နေရတဲ့ လူတွေဟာ Dryland ကိုရှာပုံတော်ထွက်ခဲ့ကြပါတယ်။
အဲ့တက်တူးကို ရတနာသိုက်မြေပုံထင်ပြီး ကောင်မလေးကို လိုက်ဖမ်းတဲ့လူဆိုးတွေလဲ ရှိပါသေးတယ်။
#Credit
