အသစ်စက်စက်နော်ရှယ်ကြီး "ရန်သူ့နယ်မြေထဲက မထင်မှတ်ထားတဲ့ မဟာမိတ်… — Movies City 🩵 — TG.ME

Forwarded fromMOMovies Link
အသစ်စက်စက်နော်ရှယ်ကြီး

"ရန်သူ့နယ်မြေထဲက မထင်မှတ်ထားတဲ့ မဟာမိတ်... ရှင်သန်ခြင်းအတွက် လောင်းကြေးထပ်ရတဲ့ တိုက်ပွဲ"

M_a_y-d-a_y (2-0-2-6)
==================

IMDB ⭐️ 7/10


Action Comedy နဲ့ Buddy Cop စတိုင် အက်ရှင်ဇာတ်ကားမျိုးတွေကိုမှ ခိုက်တဲ့ ဘော်ဒါတွေအတွက် Ryan Reynolds နဲ့ Kenneth Branagh တို အဓိကပါဝင်အားဖြည့်ထားတဲ့ "မေဒေး" ဆိုတဲ့ အက်ရှင်ဟာသ ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းကတော့ ၁၉၈၇ ခုနှစ် စစ်အေးတိုက်ပွဲကာလမှာ အခြေတည်ထားပါတယ်။ Ryan Reynolds က "Assassin" လို နာမည်ပြောင်ရထားတဲ့ အမေရိကန်ရေတပ် လေယာဉ်မှူး တရွိုင်အဖြစ် ပါဝင်ထားပါတယ်။ တရွိုင်ဟာ ဆိုဗီယက်ပိုင်နက်ထဲမှာ အလွန်လျှိုဝှက်တဲ့ စူးစမ်းထောက်လှမ်းရေးတာဝန်ကို ထမ်းဆောင်နေရင်း မတော်တဆ လေယာဉ်ပျက်ကျပြီး ရန်သူ့နယ်မြေထဲမှာ ပိတ်မိသွားပါတော့တယ်။

တရွိုင် သတိရလာတဲ့အချိန်မှာတော့ သူ့ကို ကယ်တင်ခဲ့တဲ့သူဟာ တခြားသူမဟုတ်ဘဲ အမေရိကန်ယဉ်ကျေးမှု အထူးသဖြင့် Top Gun ဇာတ်ကားကို ရူးသွပ်နေတဲ့ ကေဂျီဘီ (KGB) အေးဂျင့်ဟောင်းကြီး နီကိုလိုင်း ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ...

တကယ်တော့ သူတိုနှစ်ယောက်ဟာ ကမ္ဘာမကြေ ရန်သူတော်တွေဆိုပေမဲ့ ရန်သူ့နယ်မြေထဲကနေ အသက်ရှင်လျက် လွတ်မြောက်ဖိုအတွက် သူတိုနှစ်ယောက် မဖြစ်မနေ ပူးပေါင်းရပါတော့တယ်။

စရိုက်မတူတဲ့ ဘဲနှစ်ပွေ ပူးပေါင်းမိတဲ့အခါ ဖြစ်လာတဲ့ အလွဲအချော်တွေ၊ ရုရှားစစ်တပ်နဲ့ အေးဂျင့်Volkov ရဲ့ ပြင်းပြင်းထန်ထန် လိုက်လံဖမ်းဆီးမှုတွေကြားကနေ သူတိုနှစ်ယောက် ကိုယ့်လူတွေဆီ ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

Ryan Reynolds ရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး ဟာသတွေအပြင် Kenneth Branagh ရဲ့ တည်တည်ကြီးနဲ့ ရယ်ရတဲ့ အိုက်တင်တွေက ဒီကားရဲ့ အသက်ပါပဲ။ အက်ရှင်ခန်း မိုက်မိုက်တွေနဲ့ အူတက်အောင်ရယ်ရတဲ့ Buddy Comedy ကားကောင်းတစ်ကားဖြစ်လို ဒီ Weekend မှာ စိတ်အပန်းဖြေဖို အခုပဲ ကြည့်ရှုလိုက်ကြပါဦး။


😍Commentမှာဇာတ်ကားလင့်ပါ


🔽🔽🔽
❤2
September 5, 2026 859 1