D-ea+r Y-ou 2026
ကဲ မြန်မာမှာ ရုံတင်တုန်းက မမီလိုက်လို့ ခေတ်မမီဘူးဖြစ်သွားတဲ့ သူတွေကြည့်လို့ရပါပြီနော် ဒီကားလေးက လုံး၀ကိုကြည့်သင့်သောပါပဲ
ရှားရှားပါးပါး Do-ub-an Ra-tin-g 9.3 ထိတောင် ရထားပြီး ချစ်မေတ္တာတရားကို ရင်ထဲ နင့်နေအောင် ခံစားရဦးမဲ့ ဇာတ်ကားလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါရစေ 🩵
ဇာတ်လမ်းအကျဉ်း
Ch-ao-sh-an ဒေသမှ အဘွားဖြစ်သူ Ye Sh-ur-ou ဟာ ရိုးရှင်းတဲ့ ဘဝလေးကို အေးချမ်းစွာ ဖြတ်သန်းနေသူတစ်ဦး ဖြစ်ပေမဲ့ မြေးဖြစ်သူ Xia-ow-ei ဟာ အကြွေးနွံထဲ ရုန်းကန်နေရတာကြောင့် မိသားစုကို လျှို့ဝှက်ပြီး ထိုင်းနိုင်ငံဆီ ထွက်ခွာသွားခဲ့ပါတယ်
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူဌေးကြီးဖြစ်နေပြီလို့ သတင်းထွက်နေတဲ့ အဘိုးဖြစ်သူ Zh-en-g Mu-sh-en-g ကို သွားရောက် ရှာဖွေဖို့ဖြစ်ပါတယ်
ဒါပေမဲ့ Xi-ao-we-iတစ်ယောက် ထိုင်းကနေ ပြန်လည်ရောက်ရှိလာချိန်မှာတော့ မိသားစုတစ်ခုလုံးကို တုန်လှုပ်သွားစေမယ့် သတင်းဆိုးကို သယ်ဆောင်လာခဲ့ပါတော့တယ်
အဘိုးဖြစ်သူဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့ပြီးဖြစ်ကာ အဘွားနဲ့ နှစ်ပေါင်းများစွာ စာအဆက်အသွယ်လုပ်ပြီး ချစ်ရေးဆိုနေခဲ့သူဟာ တခြား အပြင်လူ စိမ်းတစ်ယောက် ဖြစ်နေခဲ့တာကို တွေ့ရှိလိုက်ရတဲ့အခါ...
Xia-o-w*ei ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ ရာစုနှစ်ဝက်ကျော် ပုန်းကွယ်နေခဲ့တဲ့ နက်ရှိုင်းလှတဲ့ အတိတ်က သံယောဇဉ် လျှို့ဝှက်ချက်ကြီးဟာ အဘွား ရင်ထဲဆီ လှိုင်းပမာ ရိုက်ခတ်လာခဲ့ပါတော့တယ်.......
နှစ်ပေါင်းများစွာ စာလွှာတွေရဲ့ နောက်ကွယ်က အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာရဲ့ အနှစ်သာရကို မျက်ရည်ဝဲရင်း နွေးထွေးစွာ ကြည့်ရှုရမှာပါ ✨
