ကျနော်တို့ ဘဝမှာ
အမြဲတမ်း ရင်ဘတ်ထဲ
သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ်။
အဲ့ဒီလူဟာ
ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။
-လူခေး
လူနှစ်ယောက်ကြားမှာရှိတဲ့
အကွာအဝေးတွေဟာ
တဖြည်းဖြည်းနဲ့ဝေးကွာလာတဲ့အခါ
တိတ်ဆိတ်ခြင်းတွေဟာ
အနာကျင်ဆုံးဖြစ်လာတယ်။
-သွယ်မြိတ်
ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း
အထောက်အထားဆိုလို့
ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့
ငါ့ကိုယ်တိုင်ပဲ ကျန်တော့တယ်
-ဆပ်ရိပ်
_crd
#Alisa
3
2May 13, 2026 160 1