လောင်းလုံးမှာ လက်နက်ကိုင်ဆောင်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်သူတဦးကို… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️‌‌လောင်းလုံးမှာ လက်နက်ကိုင်ဆောင်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်သူတဦးကို မြို့နယ် ပလဖ ဖမ်းမိ

၈ စက်တင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ လောင်းလုံးမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ တဦးကို လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စက်တင်ဘာ ၆ ရက်၊ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပလဖ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆိုင်ကယ်ပြင်ဆိုင်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးကို ကြိုတင်သတင်းအရ မြို့နယ်လုံခြုံရေးမှူးနဲ့ ဒုတိယမြို့နယ်လုံခြုံရေးမှူးတို့ ဦးစီးတဲ့ ပလဖ အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ကြတာပါ။

အဲဒီအမျိုးသားကို WY မူးယစ်ဆေးဝါး ၁၆၈ လုံး၊ BA 94 သေနတ် ၁ လက် (မောင်းတုန်းနဲ့ကျည်အိမ်မပါ)၊ ငွေကျပ် ၁၁ သိန်းကျော်၊ ဖုန်း ၂ လုံး၊ လက်ပတ်နာရီ ၆ လုံး၊ မီးခြစ် ၈ လုံး၊ ပိုက်ထုပ် ၄ ထုပ်၊ ပိုက်ဆံထည့်ဗူး ၁ ဗူး၊ နားကြပ်ဗူးခွံ ၁ ဗူး၊ ဂက်စ်ဗူး ၁ ဗူးတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ အမျိုးသားကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပလဖ က အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍23👏5❤3
September 8, 2026 1.1K