ချင်းတွင်းမြစ်အတွင်း စစ်တပ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သင်္ဘော ၅… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️ချင်းတွင်းမြစ်အတွင်း စစ်တပ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သင်္ဘော ၅ စီးပျက်စီးပြီး တစီးနစ်မြုပ်

🔹မိချောင်းစစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး အရာရှိများအပါ စကစ ၂၃ ဦးသေဆုံးဟုဆို

၂ စက်တင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ မော်လိုက်ခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်သင်္ဘောတွေကို ချင်းတွင်းအထက်ပိုင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တလတာခန့်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၅ စီးပျက်စီး၊ တစီးနစ်မြုပ်ခဲ့ပြီး အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ တိုက်ခိုက်ရေးသင်္ဘောတွေအပါအဝင် စစ်ရေယာဉ် ၂၈ စီးကို ပြီးခဲ့တဲ့ ဇူလိုင်လမှ ဩဂုတ်လအတွင်း PDF ၊ ပကဖ တွေရဲ့ "မိချောင်းစစ်ဆင်ရေး" အဖြစ် တိုက်ခိုက်ခဲ့ကြောင်း မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက စက်တင်ဘာ ၂ ရက်မှာ ရုပ်သံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားတာပါ။

အဆိုပါ "မိချောင်းစစ်ဆင်ရေး" အတွင်းမှာ စစ်တပ်ရဲ့ စစ်သင်္ဘော တစီး နစ်မြုပ်ခဲ့ပြီး ၅ စီး ပျက်စီးခဲ့တဲ့ပြင် အရာရှိများအပါအဝင် စစ်‌အုပ်စု ၂၃ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုပြီး ဖြစ်တယ်လို့ အသိပေးထားပါတယ်။

တဖက်မှာလည်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ စစ်တပ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုတွေကြောင့် စစ်သင်္ဘောများ ပျက်စီးနစ်မြုပ်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်ချအညံ့ခံခဲ့ပြီး စစ်အုပ်စု အထိနာလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | မော်လိုက်ခရိုင် တပ်ရင်း ၃

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤6
September 2, 2026 189 1