◼️PDF တပ်ရင်းတပ်ဖွဲ့တွေအတွက် “ကြိုးနဲ့စွန်” ကမ်ပိန်းက ဒေါ်လာ ၁ သိန်း ၈ သောင်းကျော် ထောက်ပို့
၂၉ ဩဂုတ် ||| နွေဦးအသံ |||
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် “ကြိုးနဲ့စွန်” ကမ်ပိန်းက အမေရိကန်ဒေါ်လာ တသိန်းရှစ်သောင်းကျော် ထောက်ပို့ခဲ့တယ်လို့ သိရပါတယ်။
“ကြိုးနဲ့စွန်” ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁၈၀,၆၉၃ (တစ်သိန်းရှစ်သောင်းခြောက်ရာကိုးဆယ်သုံး ဒေါ်လာ) ကို ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးနဲ့ မြေပြင် PDF တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ထောက်ပို့ကူညီခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို “ကြိုးနဲ့စွန်” ကမ်ပိန်းရဲ့ ထောက်ပို့ကူညီမှုအပေါ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကျေးဇူးတင်ရှိကြောင်းနဲ့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် လက်မှတ်ရေးထိုးပြီး ဩဂုတ် ၂၉ ရက်မှာ ပေးပို့ခဲ့တာပါ။
"ကြိုးနဲ့စွန်"ကမ်ပိန်းဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ အရေးကြီးတဲ့ မျက်နှာစာဖြစ်တဲ့ ဝေဟင်မှတိုက်ပွဲဝင်နိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလျက်ရှိတဲ့ PDF နဲ့ ပကဖ တွေကို ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေ ပြုလုပ်သွားနိုင်ဖို့ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Photo | မြိုင်မှာ စစ်တပ်ရဟတ်ယာဉ်ကို PDF ပကဖ ပူးပေါင်းတပ်များ FPV ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့စဉ် (Screenshot)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
41
4
3August 29, 2026 1.6K