နှစ်ပတ်အတွင်း စကစ ၁၃ ဦး အလင်းဝင်ပြီး စစ်သုံ့ပန်း ၇ ဦး ဖမ်းမိ ၂၉… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️‌နှစ်ပတ်အတွင်း စကစ ၁၃ ဦး အလင်းဝင်ပြီး စစ်သုံ့ပန်း ၇ ဦး ဖမ်းမိ ၂၉ ဩဂုတ် ||| နွေဦးအသံ ||| နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်တပ်ထံမှ တော်လှန်ရေးတပ်ဖွဲ့တွေထံသို့ သြဂုတ်လ ဒုတိယပတ်နဲ့ တတိယပတ် အတွင်း အလင်းဝင်လာသူ ၁၃ ဦး ရှိတယ်လို့ သြဂုတ် ၂၈ ရက်၊ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်တပ်ထံမှ အလင်းဝင်လာသူ ၁၃ ဦး ရှိခဲ့ရာ ကရင်ပြည်နယ် ၆ ဦး၊ ချင်းပြည်နယ် ၃ ဦး၊ စစ်ကိုင်းတိုင်း ၃ ဦးနဲ့ မကွေးတိုင်း ၁ ဦးတို့ဖြစ်ကြပြီး စစ်တပ်လက်ပါးစေ ပြည်သူ့စစ်တွေ ၃ ဦးနဲ့ စစ်မှုထမ်းတပ်သားသစ် ၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၇ ဦး ရှိခဲ့ပြီး ကရင်နီပြည်နယ် ၄ ဦးနဲ့ မကွေးတိုင်း ၃ ဦး တို့ဖြစ်သလို ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်နဲ့ တတိယပတ်အထိ အလင်းဝင်ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်း ၃၈၁၅ ဦးထိရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က မှတ်တမ်းကောက်ယူ ဖော်ပြထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

August 29, 2026 1.4K 1