မွန်ပြည်တော်လှန်ရေးတပ် MSRF က ၇၉ ကြိမ်မြောက်… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️မွန်ပြည်တော်လှန်ရေးတပ် MSRF က ၇၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

၂၈ ဩဂုတ် ||| နွေဦးအသံ |||

မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဩဂုတ် ၂၈ ရက်မှာ ကျရောက်တဲ့ ၇၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို တပ်ရင်းဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး သူရဲကောင်းတွေကို အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားမှာ မွန်တော်လှန်ရေး သမိုင်းတလျှောက် အသက်ပေးလှူခဲ့တဲ့ သူရဲကောင်းတွေနဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF မှ အသက်ပေးလှူခဲ့တဲ့ သူရဲကောင်း ရဲဘော်တွေကို အလေးပြုခြင်းကို ပြုလုပ်ခဲ့တယ်လို့ MSRF က ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် မွန်ပြည်တော်လှန်ရေးတပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်က အဖွင့်မိန့်ခွန်းပြောကြားတာ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန၊ ဌာနမှူး နိုင်တလနိုင်က ထူးချွန်ဆုရတဲ့ ရဲဘော်စာရင်းကို ကြေညာခြင်းအပြင် စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ၊ နည်းဗျူဟာ (၃၃) နည်းဗျူဟာ မှူး ရဲဘော် စောဒါးကိုက ပေးပို့တဲ့ သဝဏ်လွှာကို ဗျူဟာ ၃၃ မှ တာဝန်ရှိရဲဘော်က ဖတ်ကြားခြင်းနဲ့ မွန်ပြည်တော်လှန်ရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး နိုင်ဗညားနွန်က အပိတ်မိန့်ခွန်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခမ်းအနားကို မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနနဲ့ ပြည်ထဲရေးဌာနမှ တာဝန်ရှိသူတွေ၊ မွန်ပြည်တော်လှန်ရေးတပ် မှ ဝာာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ၊ နည်းဗျူဟာ(၃၃) မှ တာဝန်ရှိသူတွေ၊ အမှတ်(၈၀၀၁) တပ်ရင်း - ရေးပြောက်ကျားတပ် YGF မှ တာဝန်ရှိသူတွေနဲ့ အမှတ်(၈၀၀၂) တပ်ရင်း ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ် မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Photo | MSRF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍25❤7👏2
August 28, 2026 1.4K